မိတ္ထီလာ
ဇန်နဝါရီ ၃
မိတ္ထီလာတွင်၂၀၁၄ ခုနှစ် ပညာရေးစုံညီပွဲတော်ကို
ဇန်နဝါရီ ၃ နံနက် ၉ နာရီက အထက ၁ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား
မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး
ဦးစည်သူအောင်၊ ခရိုင်ပညာရေးမှူး ဦးသက်လင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဌေး၊
ခရိုင်မြို့နယ်အဆင့် ဖိတ်ကြားထားသူများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက
အလေးပြုကြပြီး တာဝန်ရှိ သူများမှ ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
၎င်းနောက် အမက၊ အလက၊ အထက ကျောင်းများ မှ ကျောင်းသားကျောင်းသူ ပန်းဖွားအဖွဲ့များက ပန်းဖွားအကဖြင့်
ကပြဖျော်ဖြေသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်
ပညာရေးမှူး ဒေါ်မြင့်မြင့်ဌေးမှ ပညာရေးစုံညီပွဲတော်ကျင်းပခြင်းဖြင့် ထူးချွန်ထက်မြက်သည့်
ကျောင်းသားကျောင်းသူများ ပိုမိုပေါ်ထွက်လာနိုင်ကြောင်း၊ မိတ္ထီလာတွင် ပညာရေး ကဏ္ဍ မြင့်မားတိုးတက်ရေး လုပ်ငန်းများကို
ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် မိတ္ထီလာ၌ ပထမဆုံး ကင်းထောက် သင်တန်းကို
အထက ၄ ကျောင်းတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထူးချွန်ထက်မြက် သည့် ကျောင်းသားကျောင်းသူများအား
ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်သကဲ့သို့ ၎င်းတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိပြီး
ပညာရေး တိုးတက်မြင့်မားအောင်ကြိုးစားကြရာတွင်
အပြန်အလှန် တိုင်ပင်နှီးနှော ဆွေးနွေးနိုင်သည့် အခွင့်အရေးများ ရရှိစေမှာဖြစ်ကြောင်း စသည့်ဖြင့် အဖွင့်အမှာစကား
ပြောကြားသည်။
၎င်းနောက်ထူးချွန်ုဆုရ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအား
တာဝန်ရှိသူများမှဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထိုနောက် ကျောင်းသားကျောင်းသူများက
ညာရေးကဏ္ဍတိုးတက်မြင့်မာရေး သီချင်းများ သီဆိုခြင်း၊ ဦးရွှေရိုး ဒေါ်မိုး အက၊ ယိုးဒယားအက၊
ရှမ်းရိုးရာအက စသည့် အစီအစဉ်များဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြောင်း သတင်းရရှိသည်။
No comments:
Post a Comment