Friday, January 3, 2014

ကျေးရွာပိုင် ထင်းစိုက်ခင်းတောင်သူများ၏ သတင်းစာရှင်းလင်းပွဲ

ဖြူး ဇန်န၀ါရီ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အနောက်ဘက် ကြက်ပေါင်ချောင်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ဒီဇင်ဘာ (၂၉) ရက်၊ နေ့လည် (၁၂) နာရီက ကျေးရွာ ထင်းစိုက်ခင်း တောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။
တောင်သူများ သတင်းစာ ရှင်းလင်းပွဲသို့ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်နှင့် ဖိတ်ကြား ထားသူများ၊ ရွာသူ/ရွာသားများ တက်ရောက်ခဲ့ ကြသည်။
သတင်းစာ ရှင်းလင်းပွဲတွင် ကြက်ပေါင်ချောင်း ကျေးရွာ ဒေသခံရွာသူ/ ရွာသားများအား ကျေးရွာ ကိုယ်ပိုင် သစ်တော စိုက်ခင်း အဖြစ် ဖော်ဆောင်ရန် ဧက (၂၀၀) ကို နှစ်(၃၀) စီမံကိန်းဖြင့် ငှားရမ်း လွှဲပြောင်းသည့် စာချုပ် မှတ်တမ်းအား ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ၂၀၁၃ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့တွင် ပေးအပ်ခဲ့ သည့်အတွက် တောချုံများ ရှင်းလင်း၍ စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ထင်းစိုက် တောင်သူများအား ထင်း စိုက်ခင်း လုံးဝ မပြုလုပ်ရန် တားမြစ်သဖြင့် ထင်းစိုက် တောင်သူများမှ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး တာဝန်ရှိသူ များထံ အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ဖြူး (ပြန်/ဆက်)

No comments:

Post a Comment