Thursday, January 2, 2014

ကျောက်ကြီးမြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပ


တောင်ငူ ဒီဇင်ဘာ ၁
တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ(၁) ရက်၊ နံနက်(၀၅း၃၀) နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ ကရင်အမျိုးသား စစ်ကြောင်း များဖြစ်သော ဖူးမောလေး၊ ဖူးထော့မဲ့ပါ၊ ဖူးမော်ထော်၊ ဖီးဘီးရောတို့မှ ကရင်သံချပ်များ ရွတ်ဆိုကာ ပွဲတော် ကျင်းပရာ နေရာသို့ ချီတက်ခဲ့ပြီး နံနက်(၀၅း၃၀) အချိန်တွင် ကရင်အမျိုးသား အလံကိုလွှင့်ထူကာ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်း အကြောင်းကို ပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ၀န်ကြီးမှပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြား ခဲ့သည်။ ထို့နောက် ကရင်အမျိုးသား အဖွဲ့အစည်း အသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားကာ ဆရာတော် ဦးစန္ဓီမာန်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားရုပ်သိမ်းပြီးနောက် အားကစားပြိုင်ပွဲများကျင်းပခြင်း၊ ညပိုင်းတွင် တေးဂီတများဖြင့် သီးဆိုဖျော်ဖြေခဲ့ကြသည်။ ဤကဲ့သို့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်အမျိုးသားများသာမက ကျောက်ကြီးမြို့နယ် အတွင်းရှိ တိုင်းရင်းသား ပေါင်းစုံတို့က စည်းလုံး ညီညွတ်စွာဖြင့် ပါဝင်ဆင်နွဲ ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်- ပြန်/ဆက်

No comments:

Post a Comment