Thursday, January 2, 2014

တရုတ်-အမေရိကန် စစ်ရေးပဋိပက္ခသည် နျူကလီးယားစစ်ပွဲကို ဦးတည်စေနိုင်



အမေရိကန်သည် တရုတ်နိုင်ငံဆီသို့ စစ်ရေးရန်လိုမှုကိုများ တိုးမြင့်လာမည်ဆိုပါက နှစ်နိုင်ငံအကြား နျူကလီးယားစစ်ပွဲ ကို ဦးတည် ဖြစ်ပေါ်စေနိုင်ကြောင်း Don DeBar က Press TV သို့ ယမန်နေ့က ပြောဆိုသည်။ အကယ်၍ အမေရိကန် ပြည်ထောင် စုနှင့် တရုတ်နိုင်ငံတို့သည် အမှန်တကယ် စစ်ပွဲကို လိုလားပါက အဆိုပါ စစ်ပွဲသည် အလွန်ပြင်းထန်ကာ နျူကလီးယားစစ်ပွဲသို့ ကူးပြောင်းသွားနိုင်ပါကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံရေးသုတေသီတစ်ဦးဖြစ်သော Vassily Kashin က တရုတ်နိုင်ငံအနေဖြင့် လာမည့် ခြောက်နှစ်တာကာလအတွင်း အာရှပစိဖိတ်ဒေသတွင် အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပွားမည်ဆိုပါက အမေရိကန်အား အနိုင်ရရှိဖွယ်ရှိကြောင်း ပြီးခဲ့သည့် အပတ်က ထုတ်ဝေသည့် Voice of Russia အယ်ဒီတာ့အာဘော်တွင် ဝေဖန်ပြောဆို ရေးသားချက် ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ လတ်တလောအနေဖြင့် အမေရိကန် နိုင်ငံ သည် ပြည်တွင်းတွင် ငွေကြေး အကြပ်အတည်းများကို ရင်ဆိုင်နေရလျက် ရှိသည်။
ပရက်စ်တီဗွီ

No comments:

Post a Comment