Thursday, January 2, 2014

ကျောက်ဆည်မြို့နယ်တွင် အလုပ်သမားရေးရာနှင့် တောင်သူလယ်သမားရေးရာဆပ်ကော်မတီ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကျင်းပ


ကျောက်ဆည်၊ ဇန်န၀ါရီလ - ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရစံပြကျေးရွာအုပ်စုအတွင်းရှိ တောင်သူ လယ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားရေးရာနှင့် တောင်သူလယ်သမားရေးရာဆပ်ကော်မတီတို့ တွေ့ဆုံပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၁)ရက် မွန်းလွှဲပိုင်းတွင် အနောက်သာဂရ စံပြကျေးရွာ၊ အလယ်တန်းကျောင်း သမာဓိ ကျောင်းဆောင်တွင် ကျင်းပရာ အလုပ်သမားရေးရာနှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီဥက္ကဌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာ တွင် နိုင်ငံတော်အနေဖြင့် ပြည်သူ ဗဟိုပြု ၍ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ပြီး လူထု၏ အဓိကလိုအပ် ချက်များကို ထိထိမိမိ လျှင်လျှင်မြန်မြန် ဆောင်ရွက်နိုင်ရေး အစိုးရအဖွဲ့ဆပ်ကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ဆပ်ကော်မတီ များ ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း အလုပ်ရှင်၊ အလုပ်သမား၊ တောင်သူလယ်သမားများ အနေဖြင့် လည်း အခက်အခဲ များ အဆင်မပြေမှုများရှိပါက ဆွေးနွေးပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တောင်သူလယ်သမားများမှ ဆောင်းသီးနှံစိုက်ပျိုးရာ တွင် ရေလုံ လောက်စွာ ရရှိရေး၊ နွားတက်မြောင်းခွဲ၊ ကွင်းဆေးမြောင်းဘောင်များ အား မြှင့်တင်ပေးရေး ၊ မြေစိုပါယ် လေးဆယ် ကွင်း ရေမရရှိသည့်အတွက် မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိ၍ ရေမြောင်း များ ပြုလုပ်ပေးရေး၊ ဓာတ်မြေသြဇာ အား လုံလောက် စွာ ရောင်းချပေးရေး၊ ကျောက်ဆည်- ကျောက်ဆောက်ကုန်း လမ်းပေါ်ရှိ ရေကျော်နေရာအား အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် တံတားတည်ဆောက်ပေးရေး (သို့မဟုတ်)ပါက မြေသားဘောင် ပြုလုပ်ပေးရေး ကိစ္စများနှင့် ပတ်သတ်၍ ဆွေးနွေး တင်ပြကြရာ ဆပ်ကော်မတီဥက္ကဌ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက ချက်ချင်း ဆောင်ရွက်ပေးရမည့်အပိုင်းနှင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီသို့ ဆက်လက် တင်ပြပေးရမည့်အပိုင်း၊ ဆပ်ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပေးရမည့် အပိုင်းဟူ၍ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယ၀န်ကြီးက ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်ကောက်ယူုခြင်း လုပ်ငန်းနှင့် ပတ်သတ်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အနောက်သာဂရစံပြကျေးရွာအုပ်စုအတွင်းရှိ တောင်သူ လယ်သမား ကိုယ်စား လှယ်များနှင့် အလုပ်သမားရေးရာနှင့် တောင်သူ လယ်သမားရေးရာဆပ်ကော်မတီတို့ တွေ့ဆုံပွဲသို့ တောင်သူ လယ်သမားကိုယ်စားလှယ်ပေါင်း (၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment