အုတ်တွင်း ဇန်န၀ါရီ ၂
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်နေ့၊ နံနက်
(၉း၃၀) နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင် ကျေးရွာအုပ်စု၊ ဇီးဖြူသောင်
အောက်ရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရေးနှင့် စာကြည့်တိုက်များ
ဖွင့်လှစ်နိုင်ရေး အတွက် ကွင်းဆင်း ဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင်
မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီင်္းဌာန ဦးစီးအရာရှိ ဦးစိုးမြင့်ထွန်းမှ
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သတ်၍ ပြည်သူများမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးရမည့်
အချက်များကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုးမှ ကျေးရွာအုပ်စုအတွင်း စာကြည့်တိုက် ဖွင့်လှစ် နိုင်ရေးအတွက်
ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ရွာ အထောက်အကူပြု ကော်မတီနှင့် ကျေးရွာသူ ကျေးရွာ သားများမှ
ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စာကြည့်တိုက်ဖွင့်လှစ်ပြီးပါက နိုင်ငံတော်မှ နောင်တစ်ချိန်
ပံ့ပိုးကူညီမည့် Set-top box ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျေးရွာသူ/ ကျေးရွာသား (၆၀) ဦးအား လူကုန်ကူး
မှုနှင့် ပတ်သတ်သည့် သိသင့်သိထိုက် သည်များကို ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ ကြောင်း
သတင်း ရရှိသည်။
အုတ်တွင်း (ပြန်/ဆက်)
No comments:
Post a Comment