မန္တလေး
ဇန်န၀ါရီ ၁
၂၀၁၃ ခုနှစ် နိုင်ငံတော်မှသာသနာဆိုင်ရာ
ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပွဲ ပူဇော်ပွဲအခမ်းအနားကို အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ခန်းမတွင် ဇန်န၀ါရီ ၁ ရက်က ကျင်းပ ပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အတွင်းရှိ
ဘွဲ့တံတော်ရဆရာတော်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
မြို့နယ် အထောက်အကူပြု ကော်မတီအဖွဲ့များ၊ အလှူဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment