Friday, January 3, 2014

ပရာဟာရှိနေအိမ်တွင် ပေါက်ကွဲမှုကြောင့် ပါလက်စတိုင်းသံအမတ်ကြီး သေဆုံး

ပရာဟာ ဇန်န၀ါရီ ၂
ချက်သမ္မတနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဂျမယ်လ်အဲလ်ဂျမယ်လ်သည် ဒီဇင်ဘာ ၃၁ ရက်က ၎င်း၏ နေအိမ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုတစ်ခုတွင် ဒဏ်ရာရခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်ဒရီသာဇိုလိုဗာက ပြောကြားသည်။ 

ပါလက်စတိုင်းသံရုံး အဆောက်အအုံသစ်တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး အထူးလေ့ကျင့်ထားသော ခွေးများဖြင့် ဗုံးများ ရှာဖွေနေကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းအရင်း အသေးစိတ်အချက်အလက်ကို ပြောကြားရန် စောလွန်းသေးကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။
ဆင်ဟွာ

No comments:

Post a Comment