Friday, January 3, 2014

စာပေရေချမ်းစင်များ စာအုပ်အသစ်များ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိ



ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်         ပြည်သူ့ဝန်ဆောင်မှုဖြစ်သည့် လမ်းခရီး သွားလာလှုပ် ရှား နေကြ သည့်ပြည် သူများအတွက် အသိပညာဗဟုသုတရဖွယ်စာအုပ်များ အလွယ်တကူ ယူငင်ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ လူအများစည်ကားရာနေရာများတွင် ပညာရပ်စုံပါဝင်သည့် နံရံကပ်စာပေ ရေချမ်းစင်(Mini Book Corner)များအား ၁.၇.၂၀၁၃ ရက်နေ့မှ စတင်ထားရှိပြီး လစဉ် အတွဲ/အမှတ် အသစ်စာအုပ်များအား ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိပါသည်။


ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မရမ်းကုန်းမြို့နယ် ရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းထားရှိသည့် စာပေရေချမ်းစင်များတွင် အသစ်ထွက်ရှိသည့် အတွဲ(၂)၊ အမှတ်(၁) ပညာရပ်စုံစာအုပ်များကို ၂.၁.၂၀၁၄ ရက်နေ့၌ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်စားစွာဖတ်ရှုကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment