Friday, January 3, 2014

ရေတာရှည်မြို့နယ်တွင် ပညာရေးစုံညီပွဲတော်ကျင်းပ



တောင်ငူ ဇန်န၀ါရီ ၃
၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ဇန်န၀ါရီလ(၃)ရက်၊ နံနက် (၈)နာရီက ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများ က မြန်မာ့ကျောင်းသား သီချင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မြို့နယ် ပညာရေးမှူး ကိုယ်စား အ-ထ-က ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက စုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားကာ (၂၀၁၃) ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် ဘာသာရပ် အလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ မြို့နယ် ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးကျော်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်-ပြန်/ဆက်

No comments:

Post a Comment