Friday, January 3, 2014

အစ္စရေးစစ်လေယာဉ်များ ဂါဇာကမ်းမြောင်ဒေသအား ပစ်ခတ်တိုက်ခိုက်

အစ္စရေး၊ ဇန်န၀ါရီ ၃
အစ္စရေး စစ်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ ကြောင်း စစ်တပ်၏ ပြောဆိုချက်အရ သိရသည်။ တိုက်လေယာဉ်များသည် ဂါဇာမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာလေးနေရာအား ဒီကနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ 

သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသည့်စာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။ ဇန်န၀ါရီ ၂ ရက်နေ့ အစောပိုင်းကလည်း ဂါဇာမြောက်ပိုင်း နယ်စပ်အနီးတွင် အစ္စရေးစစ်သားများ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့သည်။
အစ္စရေးစစ်တပ်သည် မကြာခဏဆိုသလို ဂါဇာကမ်းမြောင်ဒေသတွင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိပြီး၊ အဆိုပါလုပ်ဆောင်မှုသည် ရန်သူထိုးဖောက်မှုကို ကာကွယ်ရန် စစ်ဆင်ရေးလုပ်ဆောင်ခြင်း ရည်ရွယ် ချက်ဖြင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အင်အား မျှတမှုမရှိသော တပ်ဖွဲ့ဝင်များစွာကို အသုံးပြုခဲ့ကြသည့် အတွက် နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို ချိုးဖောက်ရုံသာမက အရပ်သားများစွာ သေကြေ ဒဏ်ရာရရှိခဲ့သည်။
ပရက်စ်တီဗွီ

No comments:

Post a Comment