ရန်ကုန်
ဇန်နဝါရီ ၃
ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု
အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက် မှုများ လျော့နည်းစေရန်အတွက် ဓာတ်အား လိုင်းများနှင့်
မလွတ်သောသစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ
ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း။
ဇန်နဝါရီ
၎ ရက်တွင် ရွှေပေါက်ကံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊
ဒေါပုံမြို့ နယ်၊ ပုဇွန်တောင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊
ရွှေပြည်သာ မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင်
နံနက် ၉နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း။
ဇန်နဝါရီ
၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်
မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ထောက်ကြန့် မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်များ၏
ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း
ယာယီ ဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း။
ယင်းသို့
ဓာတ်အားပြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အား ဖြန့်ဖြူးမှုစနစ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့်
ဓာတ်အားလိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား
ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ပုံမှန်မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းဖြစ်၍
ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့်လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ်
အနူးအညွတ်တောင်းပန်ပါကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့
အသိပေးပန်ကြား ထားကြောင်း သိရသည်။
No comments:
Post a Comment