မလှိုင်
၊ ဇန်န၀ါရီ (၅)
(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
အားကစားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား များကို ဇန်န၀ါရီ ၄ ရက်နေ့က မလှိုင်မြို့ ပြိုင်ပွဲကျင်းပရာ
နေရာအသီးသီး၌ ကျင်းပ ခဲ့ကြောင်း သိရသည် ။
အဆိုပါနေ့က ပိုက်ကျော်ခြင်းပြိုင်ပွဲ
၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ ၊ မီနီမာရသွန် ကျား /မ ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ
၊ စစ်တုရင်ပြိုင်ပွဲများ၏ နောက်ဆုံး ဗိုလ်လုပွဲစဉ် များကို သက်ဆိုင်ရာ အားကစားကွင်းများ၌
ယှဉ်ပြိုင်ကစားခဲ့ ကြပြီး ထူးချွန်ဆု ရရှိသူများနှင့် အသင်းများကို တာဝန်ရှိသူအသီးသီးက
ဆုများချီးမြှင့် ပေး ခဲ့သည်။
“ အခုလို လွတ်လပ်ရေးနေ့အချိန်မှာ အားကစားပြိုင်ပွဲများ၊
ပျော်ပွဲရွှင်ပွဲများကို ကျင်းပ ပေးတဲ့ အတွက် ပျော်ပွဲရွှင်ပွဲများကို စိတ်လက်ချမ်းသာစွာ
ကြည့်ရှုခွင့်၊ မီးခဲပြာဖုံး ဖြစ်နေသော ဒေသခံ အားကစားသမားများ၏ံ အရည်အသွေးကို ထုတ်ဖေါ်ပြသခွင့် ရရှိတဲ့အပြင် နိုင်ငံတော်က
အားထားရတဲ့ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေနိုင်တာ ဖြစ်လို့ အရမ်းကိုကျေနပ်ပီတိဖြစ်မိပါတယ်
” ဟု ပိုက်ကျော်ခြင်းကစားသမား တစ်ဦး က ပြောကြားခဲ့သည်။
No comments:
Post a Comment