မိတ္ထီလာ၊
ဇန်န၀ါရီ ၅
မိတ္ထီလာမြို့နယ် ကျွဲတလင်းအုပ်စု ကြာအင်းကျေးရွာတွင်
လင်းရောင်ခြည် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၉း၀၀
နာရီက ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဦးမြင့်အေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
ဦးမျိုးမင်းဇော်၊ ကျွဲတလင်း အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က လင်းရောင်ခြည်စာကြည့်တိုက်
အဆောက်အဦးရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင်
ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးမြင့်အေးက
စာကြည့်တိုက် ရှင်သန်ခိုင်မားရေးနှင့် စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာပုံတို့ကို
ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လင်းရောင်ခြည်စာကြည့်တိုက် အတွက်
ဦးမောင်မောင်တင် မိသားစုမှ သတင်းစာ တစ်နှစ်စာအတွက် ငွေကျပ် (၂၄၀၀၀ိ/)၊ ကျွဲတလင်းအုပ်စု
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်မှ ဒို့ကျေးရွာ ဂျာနယ်
တစ်နှစ်စာအတွက်ငွေကျပ်(၄၈၀၀ိ/)နှင့်ကျေးရွာများမှ စုပေါင်းလှူဒါန်းမှုဖြင့် စားပွဲ၊
ဗီရို၊ ကုလားထိုင်များ လှူဒါန်းခဲ့ရာ ကြာအင်းကျေးရွာ ရာအိမ်မှူး ဦးဝင်းဗိုလ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါစာကြည့်တိုက်သည့်
ကျေးရွာကိုယ်ထူကိုထ စုပေါင်းလုပ်အားဖြင့် အလျား (၁၈) ပေ၊ အနံ (၂၁) ပေ၊ အမြင့် (၁၁)
ပေ ရှိပြီး စုစုပေါင်းတန်းဖိုး (၂၇၁၈၀၀၀ိ/) ကျပ်ရှိကြောင်းသိရသည်။
No comments:
Post a Comment