နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ
သီရိသုဓမ္မ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တည်ခင်း ဧည့်ခံသည့် ၂၀၁၄ ခုနှစ်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့
ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက်
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပသည့် နိုင်ငံတော်သမ္မတ
အိမ်တော် ဥပစာ မြက်ခင်းပြင်သို့ ညနေ(၆)နာရီခွဲတွင် ရောက်ရှိလာကြပြီး ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့နှင့်အတူ
အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊
နိုင်ငံရေးပါတီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့ နာယက စင်ကာပူ သမ္မတနိုင်ငံ
သံအမတ်ကြီး H.E.Mr. Robert Chua ဦးဆောင်သော သံတမန်များနှင့် ၎င်းတို့၏ ဇနီးများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲသို့
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်
ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊
ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် ကောင်စီဝင်များ၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်
၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ဇနီးများ၊
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊
နိုင်ငံရေးပါတီ ဥက္ကဋ္ဌများနှင့် အထူး ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲတွင် ညစာ
မသုံးဆောင်မီနှင့် ညစာ သုံးဆောင်နေစဉ် အတွင်း တေးသံရှင်များက မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်
တွဲဖက်၍ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
ထို့အပြင် အခမ်းအနားတွင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများလည်း
ပစ်ဖောက် ဂုဏ်ပြုခဲ့ကြသည်။

No comments:
Post a Comment