နေပြည်တော် ဇန်နဝါရီ ၎
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည်
ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ ပြုလုပ်သော ၂၀၁၂ ခုနှစ်နှင့်
၂၀၁၃ ခုနှစ် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့်
အရာရှိ/ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း
အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ
မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး
ဇေယျကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊
ရေ၊ လေ) အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊
ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ် လက်ခံ ရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ၊
ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က
တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့်
စပ်လျဉ်း၍ မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က
သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး တင်မောင်ဦး
(ကိုယ်စား) ဇနီး ဒေါ်မာမာထွေးအား လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်အား လည်းကောင်း၊
ဗိုလ်မှူးစောမြခိုင်အား လည်းကောင်း၊ ဗိုလ်ကြီး သန်းကျော်အား လည်းကောင်း၊ ဗိုလ်ကြီး ခင်လှဝင်းအား
လည်းကောင်း၊ ဗိုလ်ကြီး ချစ်ကိုကိုအား လည်းကောင်း၊ ဗိုလ်ကြီး အောင်ထွေးဝင်းအား လည်းကောင်း၊
ဗိုလ်ကြီး ရန်နောင်မိုးအား လည်းကောင်း၊ ဗိုလ်ကြီးတင်ဦး(ကိုယ်စား) မိခင်ဒေါ်ခင်စန်းဝင်းအား
လည်းကောင်း၊ တပ်ခွဲတပ်ကြပ်ကြီး စောမာရှယ်အား လည်းကောင်း၊ တပ်ခွဲ တပ်ကြပ်ကြီး မင်းနိုင်အား
လည်းကောင်း၊ တပ်ကြပ်ကြီး စိုးနိုင်အား လည်းကောင်း၊ တပ်ကြပ်ကြီး ဆန်းဝင်းအား လည်းကောင်း၊
တပ်ကြပ်ကြီး ရဲမြင့်အောင်အား လည်းကောင်း၊ တပ်ကြပ်ကြီး ဌေးမောင်အား လည်းကောင်း၊ တပ်ကြပ်ကြီး
တင်ငွေအား လည်းကောင်း၊ တပ်ကြပ်လှမြင့် (ကိုယ်စား) ဇနီး ဒေါ်အေးအေးလွင်အား လည်းကောင်း၊
ဒုတိယတပ်ကြပ် ရွှေဌေး(ကိုယ်စား) ဇနီး ဒေါ်လှလှမျိုးရီအား လည်းကောင်း၊ ဒုတိယတပ်ကြပ် လှိုင်မင်းသူအား
လည်းကောင်း၊ ဒုတိယတပ်ကြပ် သော်တာအောင်အား လည်းကောင်း၊ တပ်သား သူအောင် (ကိုယ်စား) မိခင်
ဒေါ်မာမာရွှေအား လည်းကောင်း၊ တပ်သား မောင်စိုးအား လည်းကောင်း၊ တပ်သား မျိုးသန့် (ကိုယ်စား)
ဇနီး ဒေါ်အေးသန္တာစိုးအားလည်းကောင်း၊ တပ်သား မင်းသူအား လည်းကောင်း၊ တပ်သား ငြိမ်းချမ်းအောင်
(ကိုယ်စား) ဇနီး ဒေါ်မေမိုးဝေအား လည်းကောင်း သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်နှင့် လက်မှတ်များ
ပေးအပ်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူများ ဖြစ်ကြသည့် ဗိုလ်ကြီး
ပြည့်ဖြိုးတင်ဖေ (အငြိမ်းစား)အား လည်းကောင်း၊ ဗိုလ်ကြီး သော်တာထွန်းအား လည်းကောင်း၊
ဗိုလ်ကြီး သက်အောင်ဇော် (အငြိမ်းစား)အား လည်းကောင်း၊ ဗိုလ်ကြီး မင်းမင်းစိုး(အငြိမ်းစား)
အားလည်းကောင်း သူရဲကောင်း လက်မှတ်များ ပေးအပ်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး
ကိုကိုမောင်အား လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ဇော်မင်းအား လည်းကောင်း၊ ဗိုလ်မှူးကျော်စိန်ဦး
(အငြိမ်းစား)အား လည်းကောင်း၊ ဗိုလ်သန်းဌေးအောင်အား လည်းကောင်း၊ ဗိုလ်ကြီး ပေါ်လွင်ကျော်
(အငြိမ်းစား)အား လည်းကောင်း ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်
အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ
ရရှိခဲ့သည့် အရာရှိ/ စစ်သည်များ၊ အမွေခံများနှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။
အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ
မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့်
လက်မှတ်များ ချီးမြှင့်ခြင်း ခံရသူများနှင့် အခမ်းအနား တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်၍ ဂုဏ်ပြု လက်ဘက်ရည်ဖြင့် တည်ခင်း ဧည့်ခံသည်။
ဂုဏ်ပြု လက်ဘက်ရည်ဖြင့် တည်ခင်း ဧည့်ခံစဉ် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး
ညွန်ကြားရေးမှူးရုံး၏ မြ၀တီ တေးဂီတအဖွဲ့မှ လွတ်လပ်ရေးနေ့ ဂုဏ်ပြု တေးသီချင်းများဖြင့်
ဖျော်ဖြေ သီဆိုပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment