Thursday, January 2, 2014

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၁ /၂၀၁၄

၁၃၇၅ ခုနှစ် ၊ ပြာသိုလဆန်း (၂) ရက်

(၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း
(၆၆) နှစ်မြောက် လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထား မှုကို အလေး ပေးသော အားဖြင့် လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်း သားများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော် သမ္မတသည်
၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် (ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ) မတိုင်မီ ကျူးလွန် ခဲ့သော ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ် ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါ အတိုင်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်သည်-
(က) သေဒဏ် ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တစ်သက်(နှစ် အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ကျခံစေရန်။
(ခ) နှစ် အကန့်အသတ် မရှိနှင့် ထောင်ဒဏ် တစ်သက် ကျခံနေရသည့် အကျဉ်းသားများ (သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ် မရှိသို့ လျော့ပေါ့ ကျခံနေသူများမပါ) နှင့် ထောင်ဒဏ် (၄၀)နှစ် အထက် ကျခံနေရသူများအား ထောင်ဒဏ် (၄၀)နှစ်သို့ လျော့ပေါ့ကျခံစေရန်။
(ဂ) ထောင်ဒဏ် (၄၀)နှစ် နှင့်အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ ကျခံနေသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


               

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment