နေပြည်တော် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံ ဗဟို သန်းခေါင်စာရင်း ကော်မရှင်က ကြီးမှူး ကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်
သန်းခေါင် စာရင်း ကောက်ယူခြင်းကို ၂၀၁၄ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ကောက်ယူမည် ဖြစ်ရာ မကောက်ယူမီ အကြိုကာလနှင့် ကောက်ယူနေသည့် ကာလအတွင်း
အသုံးပြုနိုင်ရန်အတွက် Theme Song နှင့် လှုံ့ဆော်ရေး သီချင်းရေး ပြိုင်ပွဲကို ကျင်းပမည်
ဖြစ်ကြောင်း၊ အခြေခံ အချက်များအနေဖြင့် ပြည်သူလူထု အတွက် ရိုးစင်းလွယ်ကူ နားစွဲလွယ်၊
သီဆိုလွယ်သော သံစဉ်စာသား ပါဝင်မှု၊ ပညာရှင်အဆင့်ရှိ ဂီတပညာ သံစဉ် စာသားပါဝင်မှု၊ ပြည်လုံးကျွတ်
သန်းခေါင်စာရင်း ၂၀၁၄ နှင့် သက်ဆိုင်သည့် အကြောင်းအရာ အချက်အလက် ပါဝင်မှုတို့ကို ထည့်သွင်း
စဉ်းစား ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ အနေဖြင့်သီချင်းကြာချိန် (၃)မိနစ်မှ
(၅)မိနစ် အတွင်း ဖြစ်ရမည်။ နိုင်ငံတကာ ဂီတဟန်(သို့မဟုတ်) မြန်မာ့ဂီတဟန်၊ နှစ်သက်ရာ
ဂီတအမျိုးအစားမဆို ရေးသားစပ်ဆိုနိုင်သည်။ မိမိကိုယ်တိုင် ရေးသား သော ကိုယ်ပိုင်သံစဉ်သီချင်း
ဖြစ်ရမည်။
သီချင်းစာသား စာရွက်နှင့်အတူ တူရိယာဖြင့် တီးခတ် သီဆိုထားသည့် (DEMO CD)
(Audio ဖြစ်စေ၊ MP3 ဖြစ်စေ) ပါဝင်ရမည့် အပြင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊
ဖုန်းနံပါတ်၊ Email လိပ်စာ ပြည့်စုံစွာ ပါဝင်ရမည်။
မြန်မာ ဘာသာ စကားဖြင့် ရေးသား စပ်ဆိုရမည်။
လှုံ့ဆော်ရေး သီချင်းအဖြစ် ရွေးချယ် ခံရသော သီချင်းများ အတွက် တစ်ပုဒ်လျှင် ငွေကျပ်
(၇)သိန်းစီ ချီးမြှင့်မည်။
Theme Song အဖြစ် ရွေးချယ်ခံ ရပါက ငွေကျပ် (၁၀) သိန်း ထပ်မံ ချီးမြှင့်မည်။ ရွေးချယ်
ခံရသော သီချင်းများ အတွက် သင့်တော်သည့် သံစဉ်စာသား ပြင်ဆင်မှု များကို ခွင့်ပြုမည်။
ရုပ်သံ ထုတ်လွှင့်မှု၊ ထုတ်လုပ်မှုများ အတွက် သဘောတူညီ ခွင့်ပြုရမည်။
၂၀၁၄ ဇန်န၀ါရီ ၁၀ ရက် နောက်ဆုံး ထား၍ ဒေါ်ခင်ခင်ညို၊ ဒုတိယ ညွှန်ကြားရေးမှူး၊
ပြည်သူ့ အင်အား ဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်၊ ဖုန်း (၀၆၇-၄၃၁၃၃၆၊ ၀၉၄၂၀၇၀၆၇၄၄)၊
ဒေါ်စန္ဒာမြင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်သူ့အင်အား ဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်၊
ဖုန်း (၀၆၇-၄၃၁၃၆၈၊ ၀၉၈၃၀၃၉၁၈)၊ ဦးကြည်လင်၊ ညွှန်ကြားရေးမှူး၊ ရန်ကုန် တိုင်း ဒေသကြီး၊
လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ဖုန်း (၀၁-၂၂၂၇၇၆၊ ၀၉၃၁၅၄၃၉၆၉)
တို့ထံ သီချင်း စာသားနှင့် DEMO CD ကို လူကိုယ်တိုင်
သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင် စာချောဖြင့် လည်းကောင်း ပေးပို့ရပါမည်။
သီချင်း ရေးသားရာတွင် လိုအပ်သော အချက်အလက် များကို ဒေါ်ခင်ခင်ညို၊ ဒေါ်စန္ဒာမြင့်၊
ဦးကြည်လင်၊ တိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား
မှတ်ပုံတင်ရေး ဦးစီးဌာနရုံးများထံမှ ရယူ နိုင်ပြီး သတ်မှတ်ရက် ကျော်လွန် ပေးပို့လာသည့်
သီချင်းများကို ရွေးချယ်ခြင်း မပြုကြောင်း Theme Song နှင့် လှုံ့ဆော်ရေး သီချင်းရေး
ပြိုင်ပွဲ ကျင်းပ စိစစ် ရွေးချယ်ရေး ကော်မတီမှ သတင်း ရရှိသည်။
No comments:
Post a Comment