နေပြည်တော်
ဒီဇင်ဘာ ၁၇
ယနေ့တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏
ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက် ကျင်းပလျက်ရှိရာ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌
အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ အမျိုးသား ဖူဆယ်ပြိုင်ပွဲ၊ မီတာ(၅၀၀၀)
အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀) အမျိုးသား အပြေးပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ၊
ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မွေပြိုင်ပွဲ၊
အမျိုးသား၊ အမျိုးသမီး ပီတန်းပြိုင်ပွဲ ၊ စားပွဲတင် တင်းနစ် ပြိုင်ပွဲများကို ဆက်လက်
ကျင်းပလျက် ရှိသည်။
နံနက်ပိုင်း ကျင်းပသည့် အမျိုးသား/ အမျိုးသမီး
မီတာ(၅၀၀၀)အပြေးပြိုင်ပွဲ ပွဲစဉ်များနှင့် အမျိုးသား မီတာ(၁၀၀) အပြေးပြိုင်ပွဲများသို့
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် လာရောက် ကြည့်ရှု အားပေးသည်။
အမျိုးသမီး မီတာ(၅၀၀၀) အပြေးပြိုင်ပွဲ၌ မြန်မာအပြေးမယ်
ဖြူဝါသက်က ရွှေတံဆိပ်ဆု၊ ခင်မာဆယ်က ကြေး တံဆိပ်ဆု တို့ကို ရရှိ ဆွတ်ခူးခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မြားပစ် အားကစားကွင်း၌
Compound Men and Women Team ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်
အားကစား သမားများ မြားပစ် ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးသည်။
နံနက်ပိုင်းတွင် ယှဉ်ပြိုင် ကစားကြသည့် Compound Women Team ပြိုင်ပွဲတွင် မြန်မာမြားပစ်အသင်းက
ကြေးတံဆိပ်တစ်ခု ဆွတ်ခူး ပေးနိုင်ခဲ့သည်။
ထိုမှ တစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်
ငလိုက်ဆည်တွင် ကျင်းပလျက် ရှိသည့် အနောက်တိုင်း လှေလှော် ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေမှု
များအား သွားရောက် အားပေး ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment