နေပြည်တော်၊ ဒီဇင်ဘာ ၁၃
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပ
လျက်ရှိသော ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို
တက်ရောက်၍ဆုများချီးမြှင့်ပြီး နိုင်ငံတကာ အားကစားသမားများ
တည်းခိုနေထိုင်လျှက်ရှိသော အားကစားရွာ (Social Zone )ရှိ ဆိုင်ခန်းများ
အတွင်း လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံတော်ဒုတိယသမ္မတသည် နံနက်
(၁၁)နာရီတွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပလျက် ရှိသော ကနူး၊
ကယက်လှေလှော်ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့တက်ရောက်ပါသည်။ အစီအစဉ်အရ
ဆုပေးပွဲ အခမ်း အနားကို ကျင်းပရာ ကယက်လှေလှော်ပြိုင်ပွဲ အမျိုးသမီး
(၄)ယောက်တွဲပွဲစဉ်တွင် ပထမရရှိသော မြန်မာ နိုင်ငံမှ ဖြူသီဦး၊
မျိုးသန္တာထွန်း၊ နော်အာလယ်လားရှီ၊ အေမီခိုင် တို့အတွဲ၊ ဒုတိယရရှိသော
ထိုင်းနိုင်ငံမှ အတွဲနှင့် တတိယရရှိသော စင်္ကာပူနိုင်ငံတို့မှ ဆုရရှိကြသော
အားကစားသမားများအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ
ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းတို့က ဆုများကိုချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ပထမဆုရရှိသော မြန်မာအမျိုးသမီးအသင်းအား
နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ငွေသားဆုများကို ချီးမြှင့်ခဲ့ကြပြီး
စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ နိုင်ပွဲရမြန်မာ အားကစားသမားများအား
နိုင်ငံတော် ဒုတိယသမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့မှ စိတ်ဓါတ်မြှင့်
တင်အားပေးခဲ့ကြကြောင်း သိရှိ ပါသည်။
ဆက်လက်၍ နိုင်ငံတော်ဒုတိယသမ္မတသည်
နိုင်ငံတကာအားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသော အားကစားရွာ (Social
Zone) ကို သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးရာ အားကစားသမားများ ဝယ်ယူ
စားသုံးမှု အခြေအနေ၊ စားသောက်ဆိုင်များရောင်းချနိုင် မှုအခြေအနေ၊
နိုင်ငံတကာအားကစားသမားများ ငွေလဲ လှယ်သုံးစွဲနိုင်ရန် အတွက် ငွေလဲဘဏ်များ
ထားရှိပြီး ငွေလဲလှယ်သုံးစွဲမှုအခြေအနေ၊ နိုင်ငံတကာ အားကစား သမားများ
အင်တာနက်၊ ဝိုင်ဖိုင် အခမဲ့သုံးစွဲနိုင်မှုအခြေအနေစသည်တို့ကို
လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
No comments:
Post a Comment