Saturday, December 14, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ ဘုရင်နှင့်မိဖုရားတို့က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့ တက်ရောက်


နေပြည်တော်-ဒီဇင်ဘာ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၁၃)ရက် ဒေသစံတော်ချိန် ညနေ(၄) နာရီတွင် ဂျပန်နိုင်ငံ ဘုရင့်နန်းတော်၌ နှစ်(၄၀)ပြည့် အာဆီယံ-ဂျပန်အထိမ်းအမှတ် ထိပ်သီး အစည်း အဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက် လာကြသည့် အာဆီယံခေါင်းဆောင် များနှင့် ဇနီးများအား ဂျပန်နိုင်ငံ ဘုရင် Akihito နှင့် မိဖုရား Michiko  Shoda တို့က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြု လက်ဖက်ရည်ပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြုလက်ဖက်ရည်ပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီဟာဆာနာ ဘိုကီးယားမူအစ်ဇါဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့် ဇနီး၊ အင်ဒိုနီးရှား နိုင်ငံသမ္မတ ဒေါက်တာဆူစီလိုဘမ်ဘန်းယူဒိုယိုနိုနှင့်ဇနီး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်နှင့်ဇနီး၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီ မိုဟာမက်နာဂျစ်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ  မစ္စတာဘီနင်နို အကွီနို၊ စင်ကာပူ သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့်ဇနီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင် တန်ဇွန်းနှင့် ဇနီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့က Imperial  Palace ၌ ဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများအား ခင်မင်ရင်းနှီးစွာကြိုဆိုနှုတ်ဆက် ကြပြီး ဂုဏ်ပြုလက်ဖက်ရည်ပွဲဖြင့် တည့်ခင်းဧည့်ခံသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ဂျပန်နိုင်ငံဝန်ကြီးချုပ်နေအိမ်၌ကျင်းပသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆို အာဘေးနှင့် ဇနီးတို့က တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တက်ရောက်သည်။
အဆိုပါညစာစားပွဲ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်များသည် ဂျပန်နိုင်ငံနှင့် အာဆီယံဒေသ အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် တစ်မိနစ် ငြိမ်သက်စွာဆုတောင်း မေတ္တာ ပို့  ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒေသစံတော်ချိန် ည(၉)နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ရောက်ရှိပြီး ဧည့်ခန်းမ၌ သံရုံးဝန်ထမ်းများနှင့် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးမှတစ်ဆင့် ခေတ္တတည်းခိုသည့် Imစနမငal  ဟိုတယ်သို့ ရောက်ရှိရပ်နားကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဂျပန်နိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Fumio  Kishida က တည့်ခင်းဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment