Monday, December 30, 2013

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တောင်ငူမြို့ ပင်းယလမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၇
(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တောင်ငူမြို့နယ်၊ အမှတ်(၂၂)၊ မင်းကြီးညိုရပ်ကွက်၊ ပင်းယလမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၇) ရက်၊ နံနက်(၀၈း၃၀)နာရီအချိန်က အဆိုပါလမ်း မုခ်ဦး၌ ကျင်းပခဲ့သည်။

ဆက်လက်ပြီး ပင်းယလမ်း ကတ္တရာလမ်းသစ်အား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ တောင်ငူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လွင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးမြင့်ညိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း အင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလမ်းမှာ အရှည်(၁၅၉၁) ပေ၊ အကျယ်(၁၂) ပေရှိပြီး တောင်ငူမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ခွင့်ပြုငွေ (၂၃၉၉၀၀၀၀ိ/-) ကျပ်ကျခံသုံးစွဲ၍ ဖောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး (၂၂)ရပ်ကွက်ရှိ အိမ်ခြေ (၁၂၆၅) နှင့် လူဦးရေ (၇၃၉၆) ဦးအား အကျိုးပြုသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
တောင်ငူ (ပြန်/ဆက်)

No comments:

Post a Comment