Monday, December 30, 2013

ပဲခူးမြို့ လက်တစ်ကမ်းအကွာမှ မချောမွေ့သော လမ်းပန်းဆက်သွယ်ရေး ပြယုဂ်တစ်ခု



ပဲခူးမြို့သည် ကျေးလက်ကို အခြေခံ၍ အရောင်းအဝယ်စည်ကားနေသော တိုင်းဒေသကြီးမြို့တော် ဖြစ်သည်။ လမ်းပန်း ဆက်သွယ်ရေးအနေဖြင့် ကဝမြို့နယ်၊ သနပ်ပင်မြို့နယ် ကျောထောက်နောက်ခံပြု ရေလမ်းခရီးစဉ်
တွင် မိုးရာသီကုန်ဆုံး သွားပြီဖြစ်သဖြင့် မော်တော်ယာဉ်လမ်းကြောင်း ပွင့်သွားခဲ့ပြီ ဖြစ်သည်။ ချောင်းများ၊ မြောင်းများ ခြောက်သွေ့သွားပြီ ဖြစ်၍ သွားလမ်း၊ လာလမ်း လျင်မြန်စွာ သွားနိုင်ပြီဖြစ်သည်။ သို့ရာတွင် ပဲခူးမြို့နယ် အတွင်းရှိ အထက်ချောင်းဖျားဒေသ ဇောင်းတူ ရေအားလျှပ်စစ် စက်ရုံတည်ရှိရာ ဒေသသို့သွားသည့် ခရီးလမ်းမှာမူ မိုးရာသီ ကုန်ဆုံး၍ ဆောင်းရာသီ၏ အလယ်ကာလသို့ ရောက်သည့်တိုင် သွားလမ်းလာလမ်း မဖြောင့်တန်း သေးပါ။ လမ်းခရီး တစ်လျှောက် ချောင်းငယ်၊ မြောင်းငယ်များတွင် နှစ်စဉ် တည်ဆောက်မြဲဖြစ် သော ကားကူး ယာယီတံတား(နင်းကြမ်း)များ မတည်ဆောက်သေးသဖြင့် မော်တော်ကားများ လုံးဝသွားလာ၍ မရသေးပါ။ တွေ့မြင်ရသည့် မော်တော်ဆိုင်ကယ်များမှာ ပဲခူးမြို့မှ ဇောင်းတူ ကျေးရွာသို့သွားမည့် ဆိုင်ကယ် များဖြစ်ပါသည်။ ပဲခူးဈေးကြီးသို့ ဈေးလာဝယ်သော ဆိုင်ကယ်များဖြစ်ပါ သည်။ လူနှစ်ယောက်စီးရန် တည်ဆောက်ထားသည့် ဆိုင်ကယ်ပေါ်တွင် အထုပ်ကြီးငါးထုပ်၊ ဆိုင်ကယ်ရှေ့ခြင်း ထဲတွင် အထုပ်သေး တစ်ထုပ်၊ သစ်သားသေတ္တာတစ်လုံး တင်ဆောင်ထားသည်။ မောင်းနှင်သူတစ်ထိုင်စာ နေရာသာ လွတ်ပါသည်။ အလွန်အန္တရာယ်ကြီးပါသည်။ “ဆိုင်ကယ်တွေက ပဲခူးမြို့က နံနက် ၁၂ နာရီ မှာထွက်လျှင် ဇောင်းတူကို ညနေ ၅ နာရီခန့် ဆိုရောက်ပါတယ်။ သယ်ယူပို့ဆောင်ခ ငွေကျပ် ၁၅ဝဝဝ ပေးရပြီး လမ်းပန်းဆက်သွယ်မှု အဆင်မပြေခြင်းကြောင့် ယခုလိုအခက် အခဲများ ကြုံတွေ့နေရပြီး ကျန်းမာရေးတစ်ခုခု ဖြစ်ခဲ့ရင် မတွေးဝံ့စရာပါ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောပြ၍ သိရှိခဲ့ရသည်။

No comments:

Post a Comment