Monday, December 30, 2013

ညောင်လေးပင်မြို့၌၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဟောပြောပွဲကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့် လူအကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ (၂၇) ရက် နံနက်(၁၀)နာရီ အချိန်တွင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသီဟံစိုးမှ အဖွင့်အမှာစကား ပြောကြားကာ၊ ခရိုင်သန်းခေါင် စာရင်း ကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းမှ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို မြို့နယ်/ ရပ်ကျေး သန်းခေါင်စာရင်း ကော်မတီဝင် များအား ရှင်းလင်း ပြောကြားသည်။ 

အဆိုပါ အခမ်းအနားသို့ မြို့မ (၂) ရပ်ကွက် မြို့မ(၅) ရပ်ကွက်နှင့် ရေဖြူကန် ကျေးရွာ အုပ်စုများမှ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် လုပ်သားပြည်သူ (၁၅၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ညောင်လေးပင်- ပြန်/ဆက် 

No comments:

Post a Comment