Saturday, December 21, 2013

ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ (Delivery Unit) သို့ မေးမြန်း အကြံပြုချက် များအပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက် များအား ထုတ်ပြန် ကြေညာ



ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေ အနေများ
၁။ စလင်းမြို့နယ် များအတွင် ဧရာဝတီ မြစ်ကမ်းပါးရှိ ကျေးရွာများ ဖြစ်သော ရေပေါ်ကျွန်း၊ ဘိုကုန်း၊ ကြူတော၊ အချင်းပြစ်၊ ရေလယ်ရွာသစ်၊ ရေလယ်ရွာမ၊ ဆင်းမကျွန်း ကျောက်ရဲ၊ သနပ်ကုန်း၊ ကြည်ကုန်း၊ မရိုးကုန်းစသည့် ရွာများတွင် ကမ်းပါးပြို၍ နေအိမ်များပြောင်းရွှေ့ရခြင်း စာသင်ကျောင်း၊ ဘုန်းတော် ကြီးကျောင်း
ကျေးလက် ကျန်းမာရေး ဌာနများပါ ပြောင်းရွှေ့နေရပါ သဖြင့် ဆောင်ရွက် ပေးပါရန် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းချက် အပေါ် ဧရာဝ တီမြစ် ရေလမ်း ကောင်းမွန်ရေး အတွက် ရေးဆွဲ ထားသော ပင်မစီမံချက် ပါကြောင်း၊ ပင်မစီမံချက်ပါ စလေ - ပခန်းငယ်ရေ လမ်းအတွင်းရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း သဲအိတ် ခင်းမျော ရေကာ အလျားမီတာ ၁၅၀ နှစ်ခု ဆောင် ရွက်ပေး မည် ဖြစ်ပါကြောင်း၊ ဆင်မကျေးရွာ အုပ်စု အပါအဝင် ကျေးရွာအုပ်စု (၄)ခု ကမ်းပြို ကာကွယ်ရေးအ တွက် နိုင်ငံတော် သမ္မတရုံး အထူးရန်ပုံငွေ တင်ပြထား ပါကြောင်း၊ ရန်ပုံငွေရရှိပါက အလျားပေ ၅၀၀ ရှိ သစ်ကိုင်းဖြည့်မျောရေကာ ခုနှစ်ခုဖြင့် ကာကွယ် ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် ဆင်ဖြူကျွန်း-သနပ်ကုန်း ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းမျော ကျောက်ဖြည့် ရေကာ ၂၅၄ မီတာ၊ စလေ - ပခန်းငယ် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်း၊ သဲအိတ်ခံ ကျောက်စီရေက ၂၅၄ မီတာရှိ စီမံချက်လုပ်ငန်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စီမံချက်ပါ လုပ်ငန်းများ ဆောင်ရွက် ပြီးပါက ရေလမ်း ကောင်းမွန်ပါက ကမ်းပြိုမှုပါ တစ်ပါတည်း သက်သာ မှာ ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
၂။ ဧရာဝတီ မြစ်အတွင်း နှစ်စဉ် ရေလမ်းကြောင်း ပြောင်းလဲပြီး ကမ်းပြိုမှုနှစ်စဉ် ဖြစ်ပေါ်နေကြောင်း၊ မင်းဘူး (စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းရွာ ကမ်းပြိုမှု နှစ်စဉ် ဖြစ်ပေါ် နေကြောင်း၊ မင်းဘူး (စကု) မြို့နယ်၊ နိဗ္ဗာန် ကျွန်းရွာ ကမ်းပြိုမှုကြောင့် စိုက်ပျိုးမြေဆုံးရှုံး၍ ပြည်သူများ အခက်အခဲ ဖြစ်နေ ပါသဖြင့် ဆောင် ရွက် ပေးပါရန် မေးမြန်းချက်နှင့် ပတ်သတ်၍ နိဗ္ဗာန်ကျွန်းရွာ ကမ်းပြို ကာကွယ်ရေးအတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း အရေးပေါ် ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ခဲ့ ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံတော် သမ္မတရုံးထံ အထူးရန်ပုံငွေ တင်ပြထား ပါကြောင်း၊ ရန်ပုံငွေ ရရှိပါက အလျား မီတာ ၃၀၀ နှင့် မီတာ ၂၀၀ ရှိ သဲအိပ်ခင်းမျောရေကာ နှစ်ခု တည်ဆောက် ကွာ ကွယ်ပေးမှာ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍  မေးမြန်းမှုအပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ ဆိပ်ဖြူ - ဆင်ဖြူကျွန်း ရထားလမ်းပိုင်း၊ ချင်းတောင်ဘူတာနှင့် တညောင် ဘူတာ ကြားမှာ မြေနု ချောင်းတံတား၊ သရက်ဘက်ခြမ်း အစွန်းခံ နောက်ကျောရေစားလျက် ရှိပါသည်။ တညောင် ဘူတာနှင့် စည်ဆွဲဘူတာကြားတွင် လည်း ၁၀ ပေတံတားတစ်စင်း၊ နောက်ကျောတွင် ၂၅ ပေခန်း တာပေါင် ပြတ်တောက်လျက် ရှိပါသဖြင့် ပြန်လည်ပြုပြင်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း မကွေးတိုင်း အတွင်းမှာ မိုးများပြီး ရထားလမ်း တာပေါင် ရေတိုက်စားခြင်း၊ တာပေါင်ပြိုခြင်းများကြောင့် ရထားသွားလာမှုများ ရပ်ဆိုင်း ပြတ်တောက်မှုများ ဖြစ်ခဲ့သည့် အတွက် ရထားပြေးဆွဲ လျက်ရှိသည့် သရက် - မင်းဘူး လမ်းပိုင်းနှင့် သရက် - ဥသျှစ်လမ်းပိုင်းများ အလျင်အမြန် ပြန်လည် ဖွင့်လှစ်နိုင်ရေး နေ့၊ ည ဆောင်ရွက်ခဲ့ပါသည်။ မေးမြန်းချက်ပါ တံတားများ တည်ရှိရာ ဆင်ဖြူကျွန်း-ဆိပ်ဖြူလမ်းပိုင်းမှာ စီးပွားရေးအရ တွက်ခြေ မကိုက်သည့် အတွက် REB ရထားများ ပြေးဆွဲခြင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ရပ်ဆိုင်း ထားပါသည်။ သို့သော် လည်း ရေစား ထားသော အဆိုပါနေရာများကို အလျင်အမြန် ပြန် လည် ပြုပြင်သွား မည် ဖြစ် ပါကြောင်း ဖြေကြား အပ်ပါသည်။
၂။ သရက်-မင်းလှ လမ်းပိုင်းတွင် တာပေါင်ရေစား၍ ရထားစီး ခရီးသည်များ အန္တရာယ် ဖြစ်စေနိုင်သော နေရာနှစ်နေရာ၊ သုံးနေရာခန့် ရှိပါသဖြင့် ပြန် လည် ပြုပြင်ပေး ပါရန် မေးမြန်း ချက်နှင့် ပတ်သက်၍ ရထားများ ပြေးဆွဲ ခုတ်မောင်း ရာတွင် ခရီးသည် အန္တရာယ် ကင်းစွာ သွားလာ နိုင်ရေးအတွက် သံလမ်းမိုင် လေးမိုင်တွင် လမ်းလျှောက် လုပ်သား တစ်ဦးခန့်ထား၍ လမ်းပိုင်း စစ်ဆေးရန် ဆောင်ရွက်လျက် ရှိပါသည်။ ရထားမလာမီ လမ်းလျှောက် လုပ်သားမှ လမ်းပိုင်းအား စစ်ဆေး၍ နီးစပ်ရာ ဘူတာနှင့် တာဝန်ရှိသူများထံ သတင်းပို့စေခြင်း၊ မိုးရွာသွန်းသော နေ့များတွင် တာဝန်ရှိသူ လမ်းဗိုလ်များမှ ရထားနှင့် PILOT လိုက်ပါ၍ ရထားအား ဦးဆောင် ခေါ်ယူခြင်း စသည်ဖြင့် ခရီးသည်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါသည်။ မကြာမီ မြန်မာ့မီးရထား ရုံးချုပ်မှ စီစဉ်ပေးသော Back Hoe တစ်စီး ဌားရမ်း ဆောင်ရွက် ပေးသွား မည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ စစ်အောင် ကျေးရွာတွင် CDMA-450 MHz စနစ် ဆက်သွယ် မှု ကောင်း မွန်စေရေး ဆောင်ရွက်ပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ စစ်အောင်ကျေးရွာ သည် အောင် လံမြို့မှ မြောက်ဘက် ငါးမိုင်ခန့် ကွာဝေးပြီး မြေနိမ့်ပိုင်းတွင် တည်ရှိသည့် အတွက် ရေဒီယိုလှိုင်း အားနည်းခြင်း ဖြစ်ပေါ် နိုင်ပါသည်။ ၎င်းဘက်သို့ ထိုးထား သည့် အင်တင်နာ ပိုင်းနှင့် ရေဒီယိုပိုင်းဆိုင်ရာ စက်မှု အချက်အလက် များကို ကွင်းဆင်းစစ်ဆေး၍ အကောင်းဆုံး ဖြစ်အောင် အမြန်ဆုံး ချိန်ညှိဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေအနေများ

No comments:

Post a Comment