Tuesday, December 24, 2013

အမေရိကန်၏ စပိုင်လုပ်ငန်း အဆုံးသတ်ရန် အစ္စရေးဝန်ကြီးများ တောင်းဆိုမည်



ဂျေရုဆလင် ဒီဇင်ဘာ ၂၃
အစ္စရေးထိပ်တန်းခေါင်းဆောင်များအား အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက ထောက်လှမ်းခဲ့ခြင်းကို သိရှိထား သဖြင့် ယင်းလုပ်ဆောင်ချက်ကို အဆုံးသတ်ရန် အမေရိကန်သို့ အစ္စရေးဝန်ကြီးများက လာမည့် တနင်္ဂနွေနေ့ တွင် တောင်းဆိုမည် ဖြစ်ကြောင်း ရေးသားထားသည်။
အမေရိကန်သည် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးနှင့် သံတမန်ရေးရာ ခေါင်းဆောင်ပိုင်းများတွင် စနစ်တကျ သူလျှို လုပ်ခဲ့ကြောင်း၊ အဆိုပါလုပ်ရပ်သည် မိတ်ဘက်နိုင်ငံများအချင်းချင်း လုပ်ဆောင်သင့်သည့် ကိစ္စဟုတ်ပါသလားဟု အစ္စရေးနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက မေးခွန်းထုတ်ခဲ့သည်။ တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သူလျှိုလုပ်ငန်း ကို အဆုံးသတ်ရန် အမေရိကန်၏ အာမခံချက် ရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဆင်ဟွာ

No comments:

Post a Comment