Saturday, December 21, 2013

အသိပေးကြေညာချက်



(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် ၂၂-၁၂-၂၀၁၃ရက်နေ့ မွန်းတည့် ၁၂းဝဝ အချိန်မှ အခမ်းအနား ပြီးဆုံးချိန်အထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း ဧရိယာသို့ ဝင်ရောက်နိုင်သည့် အောက်ပါနေရာ / လမ်း ဆုံ ရှစ်ခုတွင် ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။



(၁) ပျဉ်းမနား - တောင်ညိုလမ်းနှင့် ဉာဏအောင်မြေ လမ်းဆုံ (စိုးစံလမ်းထိပ်)
(၂) မြရည် နန္ဒာလမ်းနှင့် မဏိစန္ဒာ လမ်းဆုံ (ဆွာလမ်းဆုံအနီး)
(၃) ဇေယျာ အောင်မြေ လမ်းနှင့် မဏိစန္ဒာလမ်းဆုံ (အထက - ၁၁ထိပ်)
(၄) မဏိစန္ဒာ လမ်းနှင့်ဂိတ် (၅) ထိပ် လမ်းဆုံ(ဂိတ် ၅ ထိပ်)
(၅) ဇေယျာ အောင်မြေ လမ်းနှင့် မဏိစန္ဒာ လမ်းဆုံ (အားကစားရွာထိပ်)
(၆) ပျဉ်း မနား - တောင်ညို လမ်းနှင့် V4 လမ်းဆုံ ( နေပြည်တော်မြို့ ပတ်လမ်းဆုံ)
(၇) ဇေယျာ အောင်မြေ လမ်းနှင့် နန်ချွန်ကျေးရွာ ဘုန်းကြီး ကျောင်းလမ်းဆုံ
(၈) မဟာဇေယျာ လမ်းနှင့် ဇေယျဗလလမ်းဆုံ (ခရေ အိမ်ရာထိပ်)တို့ ဖြစ်ပါသည်။

No comments:

Post a Comment