ပို့ဆောင်ရေး
ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။
ဖျာပုံမြို့ ကမ်းနားလမ်း ကမ်းပြိုကာ ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးပါ ရန်ကိစ္စနှင့် ပတ်သက်၍
မေးမြန်းချက် အပေါ် ဖျာပုံမြို့သည် ရေကြောင်းကပ်၍ ပွတ်တိုက် စီးဆင်းခံရမှု တို့ကြောင့်
ရေတိုက်စား ခံရမှုအ များဆုံး ဖြစ်သော ဖျာပုံမြို့ ပြည်လုံး ချမ်းသာသာ စည်ဘုရားရှေ့ မြစ်ကမ်း
ပြိုမှုများ
ဖြစ်ပေါ် လာမှုကို ကာကွယ် ရန် Bored Pile အခြေပြု မြေထိန်းနံရံ ပေ၂၀၀ အား ၁၇ -၃-၂၀၁၁
နေ့မှစ၍ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန၏
ဒီဇိုင်း နည်းပညာပိုင်း အနီးကပ်ကြီးကြပ်မှု ဆောင်ရွက်ပေးခဲ့ရာ ၅-၆-၂၀၁၁ ရက်နေ့တွင်
လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးဆုံး ခဲ့ပြီဖြစ်ပါသည်။ ဖျာပုံမြို့ ကမ်းနား
လမ်းကမ်းပြို ကာကွယ် ရေးနှင့် သောင်တူး လုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၂၅၅ ဒသမ ၂
သန်း ရရှိရန် တင်ပြ ထားပြီး ရန်ပုံငွေ ရရှိ သည်နှင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း
ဖြေကြား အပ်ပါသည်။
၂။
ဓနုဖြူမြို့နယ်အတွင်း ဧရာဝတီမြစ် အနောက်ဘက် ကမ်းရှိ အမှတ် (၁၅/၁၆) ရပ်ကွက်နှင့်
အုန်းပင် ကွင်း ကျေးရွာအုပ်စု ရေလဲကြီး / အိုးဘို ရွာတို့သည် နှစ်စဉ် မြစ်ကမ်း ပြိုကျ မှုကြောင့်
နေအိမ်များ ရွှေ့ပြောင်း နေရပါသဖြင့် ဆောင်ရွက် ပေးပါရန် ကိစ္စနှင့်ပတ်သက်၍ မေးမြန်း
ချက်အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်း အမြစ်နှင့်မြစ် ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး
ဦးစီးဌာန အနေဖြင့် (၁၅/၁၆) ရပ်ကွက်နှင့် ဓနုဖြူမြို့ ကမ်းပြို ကာကွယ်ရေး အတွက် ခန့်မှန်းခြေ
ကုန်ကျစရိတ် ပြုစုတင်ပြထားပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရမှ တစ်ဆင့်
ရန်ပုံငွေကျပ် ၁၁၁ ဒသမ ၉ သန်း တင်ပြတောင်းခံ ထားပါသည်။ ရန်ပုံငွေ ရရှိပါက
ဦးစီးဌာနမှ နည်းပညာ ပူးပေါင်း ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
၃။ မအူပင် မြစ်ကမ်း
ထိန်းသိမ်းခြင်းကိစ္စ အရေးတကြီး ဆောင်ရွက်ပေးရန် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်
အပေါ် မအူပင်မြို့ မြစ်ကမ်း ရေတိုက်စား ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက် နိုင်ရန်အတွက်
ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
အနေဖြင့် ကွင်းဆင်းတိုင်း တာစစ် ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေး
လုပ်ငန်းစီမံချက်ပြုစု၍ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စု
အစိုးရသို့ ရန်ပုံငွေရရှိရေး တင်ပြ တောင်းခံထားပြီး ဖြစ်ပါသည်။ ထို့ပြင်
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၃-၂၀၁၄ ဖြည့်စွက်ရန်ပုံငွေ (R.E) တွင်
ထည့်သွင်း ရေးဆွဲ၍ တင်ပြတောင်ခံ ထားပါသည်။ ရန်ပုံငွေရရှိပါက
မအူပင်မြို့ ကမ်းနားလမ်း မြစ်ကမ်း ထိန်းသိမ်းခြင်း လုပ်ငန်း များ အား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ပတ်သက်၍
မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေ အနေများ
၁။
ကျိုက်လတ် မြို့နယ်တွင် GSM တယ်လီဖုန်း ဆက်သွယ်မှု လုံးဝအဆင် မပြေပါသဖြင့်
Transmission Line တိုးချဲ့ ဆောင်ရွက်ပေးပါရန် မေးမြန်းချက် နှင့်ပတ်သက်၍
ကျိုက်လတ်မြို့တွင် GSM စခန်းနှစ်ခုနှင့် CDMA -450 MHz စခန်း တစ်ခုရှိကြောင်း၊
GSM တယ်လီဖုန်း ဆက်သွယ်မှု အဆင်မပြေခြင်း ကိစ္စနှင့် စပ်လျဉ်း၍ နည်းပညာပိုင်း
ဆိုင်ရာ အားဖြင့် GSM BTS စခန်းတစ်ခုလျှင် အဝေးလှိုင်း 2 E1 ဖြင့် လုံလောက်မှု
ရှိပါသည်။ အဝေးလိုင်း အနေဖြင့် ကျိုက်လတ် ကျိုက်လတ် BTS မှဖျာပုံ BSC ၊
ထိုမှတစ်ဆင့် ရန်ကုန် MSC သို့ ဆက်သွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ကျိုက်လတ် စခန်းနှင့်
ဖျာပုံစခန်း အကြား (သို့) ဖျာပုံစခန်းနှင့် ရန်ကုန် စခန်း အကြား နည်းပညာပိုင်း ဆိုင်ရာ
ပြုပြင်ရန် လိုအပ်ချက်များကို ကျွမ်းကျင်သူများ စေလွှတ်ပြီး ကွင်းဆင်း စစ်ဆေး
ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
၂။ ADSL
လိုင်းများ တိုးချဲ့တပ်ဆင်ပေးရန် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက် အပေါ် ဧရာဝတီ တိုင်းဒေသကြီး
မအူပင် ခရိုင် မအူပင်မြို့တွင် လက်ရှိ ADSL ၄၈ လိုင်း တပ်ဆင်ထားရာ ၄၁
ခုတပ်ဆင်အသုံးပြုလျက်ရှိပြီး လက်ကျန် ခုနစ်လိုင်း ကျန်ရှိပါသည်။ ဝန်ကြီးဌာန အနေဖြင့်
ခရိုင်မြို့ကြီးများအား ADSL စနစ် တိုးချဲ့ တပ်ဆင် နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိရာ
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း မအူပင်ခရိုင် မအူပင်မြို့ တွင် လက်ရှိ တပ်ဆင်ထားသော
ADSL ၄၈ လိုင်းအပြင် ထပ်မံ၍ ၂၄ လိုင်း DSLAM တစ်ခု တိုးချဲ့
တပ်ဆင် ထားသွား မည်ဖြစ်ပါသည်။ အင်တာနက် စနစ်ကို ကြိုးဖုန်း၊ မိုဘိုင်း ဖုန်းများဖြင့်
သုံးစွဲ၍ ရပါသည်။ ထို့အပြင် WiFi စနစ် ကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက
လုပ်ငန်းရှင်များ ပူးတွဲ အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက် ရှိပြီး မြို့ကြီးများတွင်
စတင်ဆောင်ရွက်ရန် လျာထားပါသည်။ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးပါက
အင်တာနက်လိုင်းများ ပိုမိုတိုးချဲ့သုံးစွဲလာနိုင်မည် ဖြစ်ပါသည်။
ဆောက်လုပ်ရေး
ဝန်ကြီးဌာနနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ် ဆောင်ရွက်မှု အခြေ အနေများ
၁။
ချောင်းကို ဖြတ်သန်း သွားရသော ကျေးရွာအုပ်စု ရှစ်အုပ်စု အတွင်းရှိ ရွာပေါင်း ၂၀ နေ
ပြည်သူလူထု များ အဆင်ပြေ ချောမွေ့စေရန်နှင့် တစ်ပြေးညီ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်စေရန် မြို့ ကုန်းတံတား၏ လက်ရှိ တံတား အခြေအနမှာ ရေလမ်းကြောင်း
ကျဉ်းမြောင်းပြီး တံတားမှာ နိမ့်နေသည့် အတွက် ရေးလမ်း ကင်းလွတ် အမြင်နှင့် ရေလမ်း
ကင်းလွတ်အကျယ် ချဲ့ပေးရန် မေးမြန်းချက်နှင့် ပတ်သက်၍ မြို့ကုန်တံတား၏ လက်ရှိ
အခြေအနေမှာ သစ်သား တံတားအဖြစ်ပြီး ရေလမ်း ကင်းလွတ်အကျယ် ပေ ၄၀မှ ၅၀ အတွင်းနှင့်
အမြင့်မှာ အမြင့်ဆုံး ရေတက် အမှတ်ထက် ၈ ပေမှ ၁၀ ပေခန့်အထိ ဘေလီ တံတားအဖြစ်
ပြောင်းလဲ ဆောင်ရွက် နိုင်ရန်အတွက် သွားရောက် စစ်ဆေး၍ စက်လှေများ ဖြတ်သန်း
သွားလာနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ် ပါသည်။
၂။ ဘိုကလေး
- သာပေါင်း မြစ်ကူးတံတား အမြန်ပြီးစီးရေး ဆောင်ရွက်ပေးရန် ကိစ္စနှင့်ပတ်သက်၍
မေးမြန်းချက် အပေါ် ဘိုကလေး မြစ်ကူးတံတား၏ ပင်မတံတား သံပေါင်များအား ယခု ၂၀၁၃
ခုနှစ် နိုဝင်ဘာလ တတိယ ပတ်တွင် ရရှိမည်ဖြစ်ပြီး သံပေါင် လုပ်ငန်းများကို
စတင်ဆောင်ရွက် မည်ဖြစ်ပါသည်။ သံပေါင်တပ် ဆင်ခြင်း လုပ်ငန်း များကို ၂၀၁၄ ခုနှစ်
ဧပြီလကုန်တွင် ပြီးစီးပြီး တံတား ကြမ်းခင်းနှင့် လက်ရန်း လုပ်ငန်းများကို မေလတွင်
အပြီး ဆောင်ရွက်မည် ဖြစ်ပါသည်။ ဇွန်လ အတွင်း နိုင်လွန် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီး
ဇွန်လ ကုန်တွင် တံတား အသုံးပြု နိုင်မည် ဖြစ်ပါသည်။
၃။
ပန်းတနော် - ရွှေလောင်း - ဝါးခယ်မလမ်းမိုင် (၄/၀)ရှိ ရေပြွန်နေရာတွင် တံတားငယ်
တည်ဆောက်ရန် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက် အပေါ် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ
လမ်းသည် ၃၆ မိုင် ၁ ဖာလုံ ရှည်လျားပြီး မအူပင်ခရိုင် ပန်းတနော် မြို့နယ်
အပိုင်းတွင် ၂၁ မိုင်ဖြစ်ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မိုင်(၄/၀)
ရှိသော ရေပြွန်သည် နှစ်ကာလ ကြာမြင့်နေပြီး ရေစီးသွားလာမှု ပိတ်ဆို့ေ နသော နေရာတွင်
၁၀ ပေ အရှည် ၂၄ ပေ အကျယ် သံကူကွန်ကရစ် တံတား တစ်စင်း ဆောင်ရွက်လျက် ရှိပါကြောင်း
ဖြေကြားအပ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်
ပတ်သက်၍ မေးမြန်းမှုအပေါ် ဆောင်ရွက်မှု အအခြေအနေများ
၁။
လှိုင်သာယာ - စက္ကော့ - ပုသိမ် ရထားလမ်းနှင့် လှိုင်သာယာ - စက္ကော့ - ဟင်္သာတ ရထား လမ်းပိုင်းတွင်
ရထားပြေး ဆွဲမည်ဆိုပါက နံနက်ပိုင်းတွင် လှိုင်သာယာမှ ထွက်ရှိ၍ ညနေပိုင်းတွင် ဟင်္သာတ /
ပုသိမ်ဘက်မှ ထွက်ရှိမည် ဆိုပါက ဒေသအတွင်း သွားလာရေး အဆင်ပြေ မည် ဖြစ်သဖြင့်
ဆောင်ရွက်ပေးရန် မေးမြန်းချက်နှင့် ပတ်သက်၍ လှိုင်သာယာ - စက္ကော့ - ဟင်္သာတ
လမ်းပိုင်းနှင့် လှိုင်သာယာ - စက္ကော့ -ဟင်္သာတ လမ်းပိုင်း ဖောက်လုပ် ပြီးစီးပါက
မြန်မာ့ မီးရထား၊ စီးပွားရေး ဌာနနှင့် ပို့ဆောင်ရေး ဌာနမှ တာဝန် ရှိသူများ
လာရောက်ပြီး ဒေသခံ ပြည်သူများ၏ သဘောထား ဆန္ဒကို မေးမြန်း၍ ဒေသခံ ပြည်သူများ၏
သဘောဆန္ဒ အတိုင်းသာ ရထား ခရီးစဉ် များကို ပြေးဆွဲ ပေးသွားမည်ဖြစ် ပါကြောင်း ရှင်းလင်း
ဖြေကြား အပ်ပါသည်။
ပို့ဆောင်
ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ
No comments:
Post a Comment