Tuesday, December 31, 2013

ရွှေကူမြို့နယ်၌ ကျေးရွာအုပ်စုအသစ် ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေချောင်းသာ ကျေးရွာအုပ်စု အသစ်ဖွင့်ပွဲကို ဒီဇင်ဘာ (၂၉) ရက် နံနက် (၉) နာရီတွင် အဆိုပါ ကျေးရွာ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးပါကြွယ်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးခင်မောင်တင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ဆက်လက်၍ မြို့နယ် အုပ်ချုပ် ရေးမှူးက ကျေးရွာ အုပ်စု အသစ် ဖြစ်ပေါ် လာရန် ဆောင်ရွက် ခဲ့ရသည့် လုပ်ငန်း အဆင့်ဆင့်ကို လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ကျေးရွာ အုပ်စု သမိုင်းကြောင်းကို လည်းကောင်း ရှင်းလင်းကာ ကျေးရွာ အုပ်ချုပ် ရေးမှူးက ကျေးရွာသူ/ သားများကိုယ်စား ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
အဆိုပါ ကျေးရွာ အုပ်စုသည် ရွှေကူမြို့၏ အရှေ့ဘက် (၅) မိုင်ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းတွင် တည်ရှိပြီး ရွှေချောင်းသာ ကျေးရွာ၊ ရွှေပဒေသာ ကျေးရွာနှင့် မဟာနဒီ ကျေးရွာများ ပါဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။

No comments:

Post a Comment