Tuesday, December 31, 2013

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား အစ္စရေးပြန်လွှတ်




ဒီဇင်ဘာ ၃၁
ပါလက်စတိုင်းအာဏာပိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ခြင်း သဘောတူညီချက် အစိတ်အပိုင်း တစ်ခုအဖြစ် အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း အာဏာပိုင် တစ်ဦးက ပြောဆိုသည်။ 

ဒီကနေ့မနက် အစောပိုင်းက ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ ပါလက်စတိုင်းအကျဉ်းသားများသည် အစ္စရေး အကျဉ်းထောင် အတွင်း ၁၉ နှစ်မှ ၂၈ နှစ်နီးပါး ကျခံခဲ့ကြောင်း သိရသည်။ အစ္စရေးအကျဉ်းထောင်များ အတွင်း ဖမ်းဆီးထား သည့် ပါလက်စတိုင်း အကျဉ်းသားအရေအတွက်မှာ ၄၅၀၀ ဦးကျော် ရှိသည်။
ပရက်စ်တွီဗွီ

No comments:

Post a Comment