Tuesday, December 31, 2013

ဓာတ်ငွေ့ရည် ကားချင်း တိုက်မိမှုဖြစ်ပွား

ဝမ်းတွင်း ဒီဇင်ဘာ ၃၀
ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းအပိုင်း ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၃၇၈/၄) ပြည့်စုံကုန် ကားဂိတ်အနီးတွင် ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီခွဲက မိတ္ထီလာမှ မန္တလေးဘက်သို့ ဦးစိုးလွင် မောင်းနှင်လာသော ဒ/----အနီရောင်  ဗြူတိမ်းဓါတ်ငွေ့သယ်ဆောင်ရေး ရှေ့ပြေးယာဉ်သည် ရှေ့မှ မောင်းနှင်နေသော ယာဉ်အား ကျော်တတ် မည်ပြုစဉ်
မျက်နှာချင်းဆိုင်မှ ဦးအောင်မြင့် မောင်းနှင်လာသော ၅ခ/-----ဗြူတိမ်းဓါတ်ငွေ့ရည် သယ်ဆောင်လာသော ယဉ်နှင့် တိုက်မိမှုဖြစ်ပွားခဲ့သည်။ ဦးစိုးလွင် မောင်းနှင့်သော ဒ/-----ယာဉ်ပေါ်မှ မင်းဘူးမြို့ နေသူများဖြစ်ကြသော ယာဉ်မောင်း ဦးစိုးလွင် ၊ ကိုဘိုတိုးနှင့် ဦးမြတ်ဝင်းတို့ သုံးဦးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝမ်းတွင်းဆေးရုံသို့ တင်ပို့ထားရသည်။ ယာဉ်တိုက်မှုကြောင့် ဦးအောင်မြင့် မင်းဘူးမြို့နေသူအား ရွှေတောင်ရဲစခန်းက ယာဉ် (ပ) ၂၇/၂၀၁၃၊ ပုဒ်မ- ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

No comments:

Post a Comment