Thursday, December 12, 2013

အသေးစား ငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ဆက်လက်ထုတ်ပေးလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၁
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို အကောင်းအထည်ဖော် ဆောင်ရွက်လျှက် ရှိသော လုပ်ငန်း(၈) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အသေးစား ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်တွင်ကျင်းပသည့် အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကောမတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၃) ၏ ဆုံးဖြတ်ချက်အရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းခြောက်ခုကို အသေးစား ငွေရေးကြေးရေး လုပ်ပိုင်ခွင့် လိုင်စင်များ ထုတ်ပေးခဲ့သည်။

ယခုထိ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စဉ်များ ထုတ်ပေးလိုက်သည့် အဖွဲ့ အစည်းများမှာ INGO အဖွဲ့အစည်း ခြောက်ဖွဲ့၊ NGO အဖွဲ့အစည်း ၁၉ ဖွဲ့၊ သမဝါယမအဖွဲ့အစည်း ၇၅ ဖွဲ့၊ ပြည်ပကုမ္ပဏီ လီမီတက် အဖွဲ့အစည်း ငါးဖွဲ့၊ ပြည်တွင်း ကုမ္ပဏီလီမီတက် အဖွဲ့အစည်း ၈၄ ဖွဲ့၊ စုစုပေါင်း အဖွဲ့အစည်း ၁၈၉ ဖွဲ့ဖြစ်သည်။ လိုင်စင်လျောက်ထားဆဲ အဖွဲ့အစည်းများကိုလည်း လိုင်စင်အမြန်ထုတ်ပေးရန် ဆောင်ရွက်လျက် ရှိသည်။
အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်လိုသော  အဖွဲ့အစည်းများအား အသေးစား ငွေရေးကြေးရေး လုပ်ငန်းလိုင်စင် လျှောက်ထားပါက လွယ်ကူလျှင်မြန်စွာ ရရှိရေးအတွက် သက်ဆိုင်ရာကော်မတီများက အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသော အဖွဲ့အစည်းများသည် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်ရေး လုပ်ငန်းကောမတီများနှင့် လည်းကောင်း၊ ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့အသေးစား ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးလုပ်ငန်းနှင့် လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment