နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး
ကော်မတီမှ တင်ပြခဲ့သည့် အကျဉ်းထောင်/ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို
ကျခံပြီးဖြစ်သော အကျဉ်းသား (၄၁)ဦးတို့အား နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး
မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုး အတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင်
သွားနိုင်စေရန် အတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)နှင့်အညီ ပြစ်မှုဆိုင်ရာ
ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့မှစ၍ ပြစ်ဒဏ်
လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment