စဥ့်ကိုင်၊
ဒီဇင်ဘာ (၂၇)
စဥ့်ကိုင်မြို့နယ်အတွင်း ကျေးရွာများ
သွားလာရေး လွယ်ကူစေရန် ကျေးရွာချင်းဆက် လမ်းများကို ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလ
(၂၆)ရက် နံနက်(၉)နာရီက တဘက်ဆွဲအုပ်စု အနောက်ရွာသစ်ကျေးရွာ ကိုယ့်အားကိုယ်ကိုးကျေးရွာချင်း ဆက်
မြေသားလမ်းသစ်ဖောက်လုပ်ခြင်းအတွက် လမ်းအူကြောင်းရှာဖွေခြင်း၊ လမ်းကြောင်းတိုင်းတာများ
ကွင်းဆင်း ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စဥ့်ကိုင်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်ပြုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊
သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ
ဝန်ထမ်းများသည် ကျေးရွာအထောက်အကူအပြုအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်း
ဖောက်လုပ်ရန်အတွက် ညှိနှိုင်းကာ လမ်းအူကြောင်း တိုင်းတာခဲ့ကြောင်းသိရှိရသည်။ အဆိုပါ
ကျေးရွာချင်းဆက် လမ်းသည် အရှည် (၂.၂)မိုင် ရှည်ကြောင်း သိရှိရသည်။
No comments:
Post a Comment