Tuesday, December 31, 2013

ငြမ်းစင်ထိပ်ရှိ မူလီပြတ်ကျ၍ လူတစ်ဦး သေဆုံး



နေပြည်တော် ဒီဇင်ဘာ ၃၀
မြိုင်မြို့နယ် ၀ယ်တောင်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ တရုတ်ကုန်း ရေနံမှော်အတွင်း ဦးတိုက်ရွှေ၏ ရေနံကျင်းတွင် ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲက ဇော်နိုင် (၃၃) နှစ်နှင့် လင်းနိုင် (၂၄) နှစ်တို့ ရေနံကျင်းထောင်းနေစဉ် ထိခိုက်မှု ဖြစ်ပွားကြောင်း ၀ယ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာသဖြင့် ဗဟင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ရေနံကျင်းထောင်းနေစဉ် ငြမ်းစင်ထိပ်ရှိ မူလီပြုတ်ကျကာ ရေနံကျင်းထောင်လုပ်သား ဇော်နိုင်၏ ဦးခေါင်းအား ထိမှန်ပြီး ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့သောကြောင့် မြိုင်မြို့နယ် ဗဟင်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment