Wednesday, January 1, 2014

အမေရိကန်တွင် ရထားနှစ်စင်းတိုက်မိ၊ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

ဝါရှင်တန် ဒီဇင်ဘာ
အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း ဒါကိုတာပြည်နယ်တွင် ရေနံစိမ်းတင်ဆောင်လာသော ရထားတစ်စင်းနှင့် အခြားရထား တစ်စင်းတို့ တိုက်မိရာ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းဌာနများက ဒီဇင်ဘာ ၃၁ တွင် သတင်း ထုတ်ပြန်သည်။

ရထားချင်းတိုက်မိမှုကြောင့် သေကြေဒဏ်ရာရမှုနှင့်ပတ်သက်သည့် သတင်းကို မရရှိသေးကြောင်း၊ ဖြစ်ပွားရာနေရာ အနီး ၌ နေထိုင်သော ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း သိရသည်။ မတော် တဆဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ၊ ရထားချင်းမတိုက်မီ ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ စုံစမ်း လျက်ရှိသည် ဟု သတင်းတွင် ဖော်ပြထားသည်။
ဆင်ဟွာ

No comments:

Post a Comment