Wednesday, January 1, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်အမှာစကား ပြောကြား



နေပြည်တော်-ဒီဇင်ဘာ(၃၁)။ ။ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ တွဲဖက်အတွင်းရေးမှူး (၁) မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်းတို့က ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ လုံခြုံရေး ကော်မတီ၊ ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် အစားအသောက် ဧည့်ခံကျွေးမွေးရေး ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆို ဆက်သွယ် ဆက်ဆံရေး ကော်မတီ၊ လူထုစည်းရုံး လှုံ့ဆော်ရေး ကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း တင်ရေး ကော်မတီ၊ ဆက်သွယ်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး ကော်မတီ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကိုလည်း အောင်အောင် မြင်မြင် ကျင်းပ နိုင်ရေးနှင့် ရလဒ်ကောင်းများ ရရှိရေး အတွက်ကိုလည်း တာဝန်ရှိသူ အသီးသီးမှ တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

No comments:

Post a Comment