မော်စကို
ဇန်န၀ါရီ ၁
ရုရှား-ဂျပန် ဆက်ဆံရေးတိုးတက်ကောင်းမွန်နေချိန်တွင်
၂၀၁၃ ခုနှစ်အတွင်း ရရှိထားသော အရေးပါ သည့် အောင်မြင်မှုများ ကို ဖော်ပြထားသည့် နှစ်သစ်ကူးသ၀ဏ်လွှာတစ်စောင်ကို
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံသို့ ဒီဇင်ဘာ ၃၁ ရက်က ပေးပို့ခဲ့သည်။
ပူတင်သည် ဧပြီလတွင် မော်စကိုသို့ လာရောက်လည်ပတ်မည့်
မစ္စတာအာဘေး၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား အဓိက ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်
ခိုင်မာသော တွန်းအားတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း အဓိက ထား ပြောကြား ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသအတွင်း
လက်ရှိ ပြဿနာရပ်များကို ပိုမို ပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် ၎င်း၏ ဆန္ဒ ကို ဖော်ပြခဲ့သည်။
ပူတင်နှင့် အာဘေးတို့သည် ဧပြီလတွင် တွေ့ဆုံခဲ့ခြင်း
အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း လေးကြိမ် တွေ့ဆုံခဲ့ကြပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးသည်
ငြိမ်းချမ်းရေးစာချုပ်တစ်ခု ချုပ်ဆိုပြီးဆုံးစေရန် ဦးတည်လျက် နှစ်ဘက် ယုံကြည်မှုကို
တဖြည်းဖြည်း တည်ဆောက်နေကြောင်း ဂျပန် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။
ကျိုဒို
No comments:
Post a Comment