Tuesday, December 31, 2013

ပေါင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား



ပေါင်  ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ္ဂင်လမ်း ဦးဥာဏ်အောင်၏ နေအိမ်၌ ဒီိဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲက မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားသည်။ မီးလောင်ရာသို့ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ မီးသတ် ဦးစီးဌာန ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမြကြိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးဝင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် သုံးနာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့သည်။ မီးလောင်မှုကြောင့် အိမ် ၁၁ လုံး ဆုံးရှံးခဲ့ပြီး အိမ်ထောင်စု ၁၁ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လူနှင့် တရီစ္ဆာန် အသေအပျောက်မရှိကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဦးဥာဏ်အောင်အား ပေါင်မြို့ ရဲတပ်ဖွဲ့ စခန်းက အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

No comments:

Post a Comment