Tuesday, December 31, 2013

မရမ်းကုန်း၌ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား



ရန်ကုန် ဒီဇင်ဘာ ၃၀
မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီက ဘုရင့်နောင် နယ်မြေရဲစခန်း၌ ဒုရဲအုပ်ခင်စိုး တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အောင်သပြေ (၂) လမ်း အမှတ်(၃၁) ရှိ နှစ်ထပ်နေအိမ်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ မအေးအေးဝင်း (၄၆) နှစ် သည် နေအိမ် အောက်ထပ်ရှိ မီးဖိုခန်း ထုတ်တန်း၌ ပလတ်စတစ် ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြာင်း တွေ့ရှိရသဖြင့် ဆေးစာ ရေးသားပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့အပ်ရာ PR-14 ဖြင့် လက်ခံထားရှိပြီး ဘုရင်နောင် နယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် (၂၁/ ၂၀၁၃) ဖြင့် အမှုဖွင့်လှစ်၍ စခန်းမှူး ရဲအုပ် ကျော်ဇောက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment