Wednesday, December 4, 2013

စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် မြတ်စွာဘုရားသို့ ပြည်ပခရီးသွား ဧည့်သည်များ ပိုမို လာရောက်လေ့လာ



စစ်ကိုင်း၊ ဒီဇင်ဘာ ၃၊
စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တောင်ရိုးရှိ ၊ဆွမ်းဦး ပုညရှင် မြတ်စွာဘုရား သို့ ပြည်ပ နိုင်ငံခြား ခရီးသွား ပြည်သူများ ပိုမိုလာရောက် လေ့လာလျှက်ရှိရာ--




 " ဟုတ်ပါတယ်ဗျာ-- အခုဆိုရင် (၂၇) မြောက် ၊ ဆီးဂိမ်းပြိုင်ပွဲ နီးလာလေ ပြည်ပ ခရီးသွား ဧည့်သည်များက အမြို့မြို့၊ အနယ်နယ်မှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေနဲ့ လက်မှုလုပ်ငန်း နေရာတွေမှာ စိတ်ဝင်စားစွာ လာရောက် လေ့လာ နေကြတာကို တွေ့မြင် နေရပါတယ်-- ကျွန်တော်တို့ ဘုရား မှာဆိုရင် လွန်ခဲ့တဲ့ လ (၁၀) လပိုင်း၊ (၁၅) ရက်နေ့က" ဗုံး" ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ် ခဲ့တယ်ဆိုတာ အားလုံးသိ ပြီးဖြစ်ပါလိမ့်မယ်--ကျွန်တော်တို့လည်း အရမ်းစိုးရိမ် သွားတာပေါ့  ဒီဘုရားမှာက ပြည်တွင်း / ပြည်ပ ဘုရားဖူး ဧည့်သည်တွေ လာရောက် ကြတယ်လေ-- သို့သော် "ဗုံး" ပါက်ကွဲမှု ကြောင့် လူ / တိရစ္ဆာန်တွေ ထိခိုက်မှုမရှိပဲ အုတ်ခုံနဲ့ လက်ရမ်း တိုင်လေးတွေ နည်းနည်းပျက်စီး သွားတာပါ ခုဆို ကျွန်တော် ထင်တယ် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နိုင်ငံခြား ဧည့်သည်တွေ အလည် များလာသလိုတောင် ထင်ရတယ်-- ပြည်ပ ခရီးသွား ဧည့်သည် တွေက ဒီဆွမ်းဦး ပုညရှင် ဘုရားရယ်၊ ဥမင်ကိုးဆယ် ဘုရားရယ်၊ ကောင်းမှုတော် ဘုရားကြီးနဲ့ ငွေထည် လုပ်ငန်းတွေ / ကြိမ်ထည် လုပ်ငန်းတွေကို သွားရောက် လေ့လာကြ တာကို သိရှိရတဲ့ အတွက် စစ်ကိုင်းမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ နေရာတွေမှာ လာရောက် လေ့လာကြတဲ့ အတွက် ၀မ်းသာပါတယ် " လို့ ဆွမ်းဦး ပုညရှင် ဘုရား ဂေါပက ဥက္ကဌ ဦးစိုးဝင်းက ပြောကြားခဲ့ ကြောင်းသိရသည်။

No comments:

Post a Comment