Thursday, December 5, 2013

ဆီးဂိမ်း ပြိုင်ပွဲများ အတွက် MRTV မှ ရုပ်သံလိုင်း သုံးလိုင်း တိုးချဲ့ ထုတ်လွှင့်မည်

နေပြည်တော် ဒီဇင်ဘာ ၎
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အားကစား နည်းများ အလိုက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ Forever Group ၊ Skynet  တို့မှ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မည် ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ( MRTV)  မှ ရုပ်သံလိုင်း  Channel  သုံးလိုင်း တိုးချဲ့ ထုတ်လွှင့် မည်ဖြစ်ရာ  MRTV SEA GAMES (1)  မှ ခြင်းလုံး၊ ပြေးခုန်ပစ်၊ အလေးမ၊ ကာယဗလနှင့် ဘိလိယက် / စနူကာ ပြိုင်ပွဲများ ကိုလည်းကောင်း၊ MRTV SEA GAMES (2)   မှ  Indoor Games  များကို လည်းကောင်း၊ MRTV SEA GAMES (3)မှ  Outdoor Games  များကို လည်းကောင်း တိုးချဲ့ထုတ်လွှင့်ပြသ သွားမည် ဖြစ်ကြောင်း  ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ထံမှ သိရသည်။

No comments:

Post a Comment