နေပြည်တော်
ဒီဇင်ဘာ ၎
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုအက်စ် အကွီနို (၃)၏
ဖိတ်ကြားချက်အရ ဖိလစ်ပိုင်သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အဖွဲ့ဝင်များနှင့်အတူ
ယနေ့နံနက် (၁၀)နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာ သွားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဒုတိယ သမ္မတ
ဦးဉာဏ်ထွန်း၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်
ဖိလစ်ပိုင်နိုင်ငံ သံရုံးမှ သံရုံး ယာယီတာဝန်ခံ Ms. Maria Lourdes M. Salcedo တို့က
နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော် သမ္မတနှင့် အတူ အဖွဲ့ဝင်များအဖြစ်
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်၊ ဦးမြင့်လှိုင်၊ ဦးဇေယျာအောင်၊ ဒေါက်တာ
ဒေါ်မြတ်မြတ်အုန်းခင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာ ဝင်းမြင့်၊ ဒေါက်တာ သန်းအောင်နှင့် တာဝန်ရှိသူများ
လိုက်ပါ သွားကြသည်။
No comments:
Post a Comment