နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်
ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် မဒမ်လျိုယန်တုန်နှင့် အဖွဲ့အား ယနေ့မွန်းတည့်
(၁၂)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ယင်းတွေ့ဆုံပွဲသို့
နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာ
ဖေသက်ခင်၊ ဦးအေးမြင့်ကြူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်နိုင်ငံတော်
ကောင်စီဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့်
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် (၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသည် နှစ်နိုင်ငံ ပူးပေါင်း
ဆောင်ရွက်မှု၏ နမူနာကောင်း တစ်ခုဖြစ်မှုနှင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆက်လက်
ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment