Wednesday, December 18, 2013

ဖောင်းပြင် မြို့နယ်၌ ပျားကြီး ပျားဝိုင်းများ ထူးဆန်းစွာ စွဲကပ်



ဖောင်းပြင်၊ ဒီဇင်ဘာ (၁၇)
စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက် ခရိုင်၊ ဖောင်းပြင် မြို့နယ်၊ လယ်ဦး အုပ်စု၊ ပိုးဖြူတောင် ကျေးရွာ ဘုန်းတော် ကြီးကျောင်း သဒ္ဓမ္မရံသီ ကျောင်းတိုက် ၏ သွပ်မိတ်၊ ဘုရားဆောင် တန်ဆောင်း ပတ် လည်နှင့် ကျောင်းဆောင် အောက် ယက်မ တို့၌ ပျားကြီး / ပျားဝိုင်း အမျိုးအစား (၄၀) အုံခန့် ထူးဆန်းစွာ စွဲကပ်လျှက် ရှိသည်။



၎င်းကျေးရွာ သဒ္ဓမ္မရံသီ ကျောင်းတိုက် ဆရာတော် ဦးပညာ ဒီပ၏ မိန့်ကြားချက် အရ ထိုပျားကြီး ပျားဝိုင်းများ သည် ၂၀၁၃-ခုနှစ် နိုဝင်ဘာလမှ စတင် စွဲကပ်လျှက် ရှိကြောင်း မနှစ်က မရှိပဲ ဒီနှစ်ကြမှ လာရောက် စွဲကပ်ကြောင်း ပျားအုံ စွဲကပ် ပြီးနောက် ၎င်းကျေးရွာမှ ပြည်သူ တစ်ဦးက မိမိဘုန်းတော်ကြီး ကျောင်းသို့ ဥာဏ်တော် (၂၇) လက်မရှိ မဟာမုနိ ရုပ်ပွားတော် ကိုယ်စားတော် တစ်ဆူ လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ယခုအခါ စကောဝိုင်းခန့် ပျားအုံကြီး (၁၈) အုံနှင့် ပျားအုံသေး (၂၂) အုံ စွဲကပ်လျှက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment