ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် တရုတ် လူမျိုးများ၏ နိုင်ငံတကာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E.
me. Li Xiaolin နှင့်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ - တရုတ်နှစ်နိုင်ငံ
ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ အဖြစ် ပူးပေါင်း ဆောင်ရွက်ရေး အဆင့်မြှင့်တင်ထားမှုကို
အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းစဉ် များအဖြစ် ယဉ်ကျေးမှု ဖလှယ်ခြင်း၊
တရုတ် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး အသင်းများ ဖွဲ့စည်းခြင်း များပါရှိပြီး အသင်း
လှုပ်ရှားမှုများကိုလည်း အများအပြား ဆောင်ရွက်နိုင်ခဲ့မှု၊ အနာဂတ်လူငယ် ပညာတော်သင်များ
လဲလှယ်ခြင်း၊ အရည်အသွေး မြင့်မားရေးဆိုင်ရာ သင်တန်း များပေးခြင်း တို့ကို ပိုမိုပူးပေါင်း
ဆောင်ရွက် သွားရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင် စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တရုတ် လူမျိုးများ၏ နိုင်ငံတကာ ချစ်ကြည်ရေး
အသင်းကို နိုင်ငံပေါင်း (၁၈၇) နိုင်ငံတွင် အသင်းအဖွဲ့ ပေါင်း (၅၀၀) ကျော် ဖွဲ့စည်းထားရှိပြီး
၂၀၁၄ခုနှစ်မေလတွင် အသင်း၏ သက်တမ်းမှာ နှစ် (၆၀) ပြည့် မြောက်မည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment