မနီလာ ဒီဇင်ဘာ ၆
ဖိလစ်ပိုင်နိုင်ငံ
မနီလာမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ညနေပိုင်းတွင်
လော့စ်ဘား ညိုမြို့ (Los Banos Laguna) ရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (International
Rice Research Institute- IRRI) သို့ သွားရောက် ကြည့်ရှု လေ့လာကြသည်။
ရှေးဦးစွာ
သုတေသနရုံးချုပ် အစည်းအဝေး ခန်းမ၌ (IRRI) မှ Dr.
Achim Dobermann နှင့် Dr. V.
Bruce J. Tolenting တို့က ဖိလစ်ပိုင်နိုင်ငံ၏
ဆန်စပါး စိုက်ပျိုးရေး ဆိုင်ရာ သုတေသန အချက်အလက်များ၊ အထွက်တိုးမျိုးကောင်းများနှင့်
မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးရေး ဆိုင်ရာ သုတေသန အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ
နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက သိရှိလိုသည် များကို မေးမြန်း ဆွေးနွေး
ကြသည်။
ထို့နောက်
နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် (Rice World Museum) အတွင်း ပြသထားမှု များနှင့်
(Rice Gene Bank) ၌ စပါးမျိုးစေ့များ သန့်စင်၍ ထိန်းသိမ်း ဆောင်ရွက် ထားရှိမှုများနှင့်
သုတေသနပြု ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှု လေ့လာကြသည်။
ညနေပိုင်းတွင်
နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နေအိမ်သို့
ရောက်ရှိပြီး သံအ မတ် ကြီး၊ သံရုံး မိသားစု များနှင့် ပညာတော်သင် သင်တန်းသား၊ သင်တန်း
သူများအား တွေ့ဆုံ နှုတ်ဆက်၍ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
No comments:
Post a Comment