Saturday, December 7, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် Ayala Corporation မှ Chief Operating Officer ဖြစ်သူ Mr. Fernando Zobel de Ayala ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ



မနီလာ ဒီဇင်ဘာ ၆
မနီလာမြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Ayala  Corporation မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Fernando  Zobel de  Ayala ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် မနီလာ ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ လက်ခံ တွေ့ဆုံ ရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်၊ ဦးမြင့်လှိုင်၊ ဦးဇေယျာအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်၊ ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးရဲမြင့်အောင်နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။     

No comments:

Post a Comment