ဒီဇင်ဘာ
၃၀
အောင်မြေသာစံမြို့နယ်၊ ၂၂×၈၉ လမ်းထောင့်တွင်ရှိသော
ကွမ်းယာဆိုင်ရှေ့တွင် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းမြို့မှ ဆွမ်းဆန်စိမ်းအလှူခံကြွလာသော
သီလရှင်ဆရာလေး ၄ ပါးသည် မော်တော်ယာဉ်အား ရှောင်တိမ်းစဉ် သီလရှင် ဆရာလေးတစ်ပါး၏ ငွေကျပ်
၈၄၀၀ ပါရှိသော ပိုက်ဆံအိတ်ထွက် ကျသဖြင့် ပြန်လည်ကောက်ယူစဉ် အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်နေသူတစ်ဦးမှ
၎င်း၏ ပိုက်ဆံအိတ်ဖြစ်ပြီး ငွေတစ်သိန်းကျော်ပါကြောင်း ပြော၍လုယူရာ ကွမ်းယာရောင်း သူမှ ပြန်လည်ရယူ၍
သီလရှင်ဆရာလေးထံ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် သီလရှင်ဆရာလေးမှ ထွက်ခွာသွားရာ အဆိုပါလုယူသူသည်
ဆိုင်ကယ်ဖြင့်လိုက်ပြီး ထမ်မံလုယက်ရာ အနီးရှိပြည်သူများမှ ပြန်လည်ရယူပေးသဖြင့် လုယူသူမှာထွက်ပြေးသွားရာ
အောင်မြေသာစံ မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းဦးနှင့် အဖွဲ့သည် လိုက်လံရှာဖွေဖမ်းဆီးပြီး
အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment