Monday, December 30, 2013

အနံ့အသက်ဆိုးရွားသည့်အမှိုက်ပုံ ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် မာလာနွယ်လမ်း သွယ် အထက (၃) ကျောင်းရှေ့ GL ဓာတ်ဆီဆိုင် နောက်ဖေးလမ်းအတွင်း လူမြင်မကောင်းအောင် တောင်လိုပုံနေသည့် အမှိုက်များမှ ထွက်လာသော အညစ် အကြေးနှင့် အနံ့ဆိုးများကို တာမွေ အထက (၃) ကျောင်းမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ နေ့စဉ်နှင့်အမျှ ရှူရှိုက်ပြီး စာသင်နေရခြင်း၊ ၎င်းပတ်ဝန်ကျင်တွင် နေထိုင်သော သက်ကြီးရွယ်အိုများ၊ ကလေးများ ကျန်းမားရေး ထိခိုက်ခြင်းတို့ တွေ့ကြုံနေပါသည်။

ထိုအမှိုက်ပုံသည် မြို့အင်္ဂါရပ်နှင့် မညီခြင်း၊ လူနေပတ်ဝန်းကျင်နှင့် ကျောင်းနေ ကလေးများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း အတွက် ယင်းအမှိုက်ပုံကို အမြန်ဆုံး ပြောင်းရွှေ့ပေးစေလိုပါသည်။ အမှိုက်ပုံကို ဖယ်ရှားရှင်းလင်းရန်အတွက် တယ၀န်ရှိသူများထံသို့ တင်ပြထားပြီး ဖြစ်သော်လည်း လာရောက်ဆောက်ရွက်ခြင်းမရှိသည့်အတွက် စာတည်းထံ ပေးစာမှ တစ်ဆင့် တင်ပြလိုက်ရပါသည်။

No comments:

Post a Comment